
drud mae' - bigg-y of on track lyrics
zawgyi format
[pre-chorus]
ဝေးပါစေ တနေရာစီခြား
[verse 1]
အတွင်းမှာလှိုက်ကာ တောက်လောင်တဲ့မီးတွေ ငြှိမ်းခွင့်မရ
[chorus]
ပြောင်းလဲသွားတဲ့ ကမ္ဘာမြေရယ်
စွန့်ခွာ ငါ့ အနားမှာ
ဝေးပါစေ တနေရာစီခြား
[verse 2]
[chorus]
အဆုံးသတ်သွားတဲ့ ကမ္ဘာမြေရယ် စွန့် ခွာ ငါ့ အနားမှာ
ဝေးပါစေ တနေရာစီခြား
unicode format
[pre-chorus]
ဝေးပါစေ တနေရာစီခြား
ပြည့်ပါတယ် ကိုယ်စီ ဆုတောင်းများ
အချစ်စစ် ဆိုတာ ပျော်ရွှင်နှစ်သိမ့်ပေးတဲ့အရာ
ဒဏ္ဍာရီထဲ စိတ်ဖြေစရာ အဖြူရောင်မျက်ဝန်းလား
အချစ်စစ်ဆိုတာ ပြန်ဆုံတတ်တဲ့ အလင်းတန်းများ
[verse 1]
သံယောဇဉ်ကြိုးတွေ မြင်နေရလည်း ထိခွင့်မရ
ရင်ခုန်သံကြားနေရလည်း နှလုံးသားကို ကြည့်ခွင့်မရ
စေတနာတွေ ရှိခွင့်မရ နှစ်ယောက်သား နီးခွင့်မရ
ကိုယ်စီရင်ထဲဘာတွေ ရှိသင့်ကြလဲ သိခွင့်မရ
အကြည့်တွေ စိမ်းခွင့်မရ အနောက်ရှောင် တိမ်းခွင့်မရ
အတွင်းမှာလှိုက်ကာ တောက်လောင်တဲ့မီးတွေ ငြိှိမ်းခွင့်မရ
နှလုံးသားမှာနေရာတစ်ခုကိုအပိုင်ယူကာ သိမ်းခွင့်မရ
လေကြမ်းတွေကြားကမီးတောက်လို ဟိုဒီကို ယိမ်းခွင့်မရ
ဒူးထောက်ပြီးတောင်းပန်လို့လည်း အသနားခံ ရှုံးခွင့်မရ
အမှောင်ကျရာအောက်မှာ တိတ်တဆိတ်ပြေးဝင် ပုန်းခွင့်မရ
video game တွေထဲမှာလိုလည်း cheat တွေ သုံးခွင့်မရ
အသိနေဆုံး မင်းက ဖမ်းတိုင်းမိနေ ရုန်းခွင့်မရ
ကျောခိုင်းလို့နှုတ်ဆက်အဝေးဆုံး ထွက်ခွာ ဒိုးခွင့်မရ
မင်းအငွေ့အသက်ရှေ့မှာရှိချိန်ငါ့ရဲ့ မျက်နှာ ညိုးခွင့်မရ
မင်းရဲ့အနားတိုးရင်းက မနက်သာမိုးလင်းသွားတယ်
မင်းပြုစားတဲ့ အိပ်မက်ထဲက တစ်သက်စာနိုးခွင့်မရ
[chorus]
ဒီနေ့နဲ့ မနက်ဖြန် မတူခြားနား
အရှေ့နဲ့ အနောက်ကိုယှဉ်တွဲကာ
မင်းနဲ့ တွေ့ခွင့်ရတဲ့ဒီအချိန်မှာ
အိပ်မက်ထဲတောင်လွန့်လူးသွား
အမြဲတမ်း မင်းကိုငါ တမ်းတ
ပြောင်းလဲသွားတဲ့ ကမ႓ာမြေရယ်
စွန့်ခွာ ငါ့အနားမှာ
ဝေးပါစေ တနေရာစီခြား
ပြည့်ပါတယ် ကိုယ်စီဆုတောင်းက
အချစ်စစ် ဆိုတာ ပျော်ရွှင်နှစ်သိမ့်ပေးတဲ့အရာ
အလွမ်းကိုသာ ဒဏ္ဍာရီတဲ့
စိတ်ဖြေစရာ အဖြူရောင်မျက်ဝန်းလား
အချစ်စစ်ဆိုတာ ပြန်ဆုံတတ်တဲ့ အလင်းတန်းများ
[verse 2]
နှလုံးသားမှာပိတ်ထားတဲ့ တံခါး အသံထွက်ခေါက်ခွင့်မရ
မင်းအမှားဖက်ရောက်နေချိန်မှာ ငါ အမှန်ဖက်ရောက်ခွင့်မရ
စနက်တံလောင်စာခမ်းလည်း ကန်ထွက်ဖောက်ခွင့်မရ
မင်းဘက်ကတိုက်စစ်တွေမခင်းခင် ခံတပ်ဆောက်ခွင့်မရ
အဆုံးသတ်မှာဘာဖြစ်မလဲ တစ်ခွန်းမှ မေးခွင့်မရ
မင်းလိုတဲ့ခွန်အားများနဲ့ မင်းကို တွန်းအား ပေးခွင့်မရ
မင်းနဲ့နှိုင်းယှဉ် သီချင်းကို မွှန်းကာ ရေးခွင့်မရ
ငါ့ဗိုက်ပေါ်က မင်းရဲ့သွေးတို့ စွန်းသမျှ ဆေးခွင့်မရ
တုန်ခါတဲ့မင်းရဲ့နှုတ်ခမ်းများ လှမ်းကာ နမ်းခွင့်မရ
မျက်စိနှစ်လုံးကန်းနေလည်း မှန်းကာ စမ်းခွင့်မရ
လက်၂ဖက်နဲ့အတင်းအကျပ်ဆုပ်ကိုင် မလွတ်အောင် ဖမ်းခွင့်မရ
လေထုထဲမျောလွင့်သွားတဲ့မင်းပုံရိပ်တို့ လွမ်းခွင့်မရ
ဆုံတွေ့ချိန်ခဏလေးမှာ အလွမ်းတွေ အတိုးချခွင့်မရ
တစ်ခါတွေ့တိုင်း တစ်ခေါက်ဆန်းအောင် အနမ်းတွေ ရိုးသားခွင့်မရ
နှလုံးသားမှာ နေရာလွတ် အကန့်တွေ တိုးပွားခွင့်မရ
အတူမက်တဲ့ အိမ်မက်က လှန့်၍ နိုးထခွင့်မရ
[chorus]
ဒီနေ့နဲ့ မနက်ဖြန် မတူခြားနား
အရှေ့နဲ့ အနောက်ကိုယှဉ်တွဲကာ
မင်းနဲ့ တွေ့ခွင့်ရတဲ့ဒီအချိန်မှာ
အိပ်မက်ထဲတောင်လွန့်လူးသွား
အမြဲတမ်း မင်းကိုငါ တမ်းတ
အဆုံးသတ်သွားတဲ့ ကမ႓ာ (သုံးာ?) မြေရယ် စွန့်ခွာ ငါ့အနားမှာ
ဝေးပါစေ တနေရာစီခြား
ပြည့်ပါစေ ကိုယ်စီ စိတ်ကူးများ
အချစ်စစ် ဆိုတာ ပျော်ရွှင်နှစ်သိမ့်ပေးသောအရာ
ဒဏ္ဍာရီထဲ စိတ်ဖြေစရာ အဖြူရောင်မျက်ဝန်းလား
အချစ်စစ်ဆိုတာ ပြန်ဆုံတတ်တဲ့ အလင်းတန်းများ
© f-ck hiphop™
lyrics upload by secret code
Random Song Lyrics :
- подруга (girlfriend) - tribe.l lyrics
- мадрид (intro) - sokandrew lyrics
- icky vicky (original) - trippie redd lyrics
- für immer - audio88 & yassin lyrics
- bring me some tears from heaven - genagatitos lyrics
- greedy - our last night lyrics
- hands up! (slowed) - removeface lyrics
- young man - sunshine christo lyrics
- wax wings - miriam ingram lyrics
- ekilíbrio (feat. mark exodus) - laylizzy lyrics