
lan khwel tha chin (လမ်းခွဲသီချင်း) - bunny phyoe lyrics
နှစ်ကိုယ်တူရေးတဲ့ ဇာတ်လမ်းလေးရယ်
တဖြည်းဖြည်းရောက်ခဲ့ရပေါ့ နိဂုံးလေး
ပုံရိပ်ဟောင်းများပြန်ပြီးတွေး
(အို အို အို)
ဟိုတုန်းကအနားနားမင်းရှိနေတုန်းလေး
ပျော်စရာနေ့တွေ ပြန်ပြီးရချင်တယ်
ငါတို့ချစ်ခဲ့ကြတာ ဝေးဖို့လည်းမဟုတ်ခဲ့
အရင်နေရာလေးတွေရောက်တိုင်းမျက်ရည်လည်
ဒါတွေမင်းမသိ လွမ်းနေမင်းမရှိ
ငါ့ရင်ခွဲလို့ကြည့်ပါဦး အချစ်ဆုံးရေ
အို တစ်ကယ်ကိုဝေးခဲ့ကြပြီလားကွယ် (အား အား ဟာ)
ဒါဟာအိပ်မက်ဖြစ်ဖို့အတွက် ငါ ဆုတောင်းဆဲ
မျှော်လင့်ထားသမျှဖြစ်မလာတော့လည်း
ကြွေကာနှုတ်ဆက် မျက်ရည်ဝဲ
ပျော်စရာနေ့တွေ ပြန်ပြီးမရနိုင်တယ်
ငါတို့ချစ်ခဲ့ကြတာ အတိတ်မှာထားရစ်ခဲ့ (ထားရစ်ခဲ့ပါတော့)
အရင်နေရာလေးတွေ ရောက်တိုင်းမျက်ရည်လည်
ဒါတွေမင်းမသိ လွမ်းနေမင်းမရှိ
ငါ့ရင်ခွဲလို့ကြည့်ပါဦး အချစ်ဆုံးရေ
အို တစ်ကယ်ကိုဝေးခဲ့ကြပြီလားကွယ် (အား အား ဟာ)
ဒါဟာအိပ်မက်ဖြစ်ဖို့အတွက် ငါ ဆုတောင်းဆဲ
မျှော်လင့်ထားသမျှဖြစ်မလာတော့လည်း
ကြွေကာနှုတ်ဆက် မျက်ရည်ဝဲ
ငါကိုယ်တိုင်စတဲ့ဇာတ်ကို
ငါကိုယ်တိုင်အဆုံးသတ်ဖျက်ဆီး
ငါကိုယ်တိုင်အလွမ်းနဲ့ကျွမ်းလောင်ပြီ
နင်နာကျင်ရတဲ့နေ့တွေ
နင်ငိုနေခဲ့ရ ညများ
ငါတရားခံဖြစ်လို့ တောင်းပန်သည်
ငါကိုယ်တိုင်စတဲ့ဇာတ်ကို
ငါကိုယ်တိုင်အဆုံးသတ်ဖျက်ဆီး
ငါကိုယ်တိုင်အလွမ်းနဲ့ကျွမ်းလောင်ပြီ
နင်နာကျင်ရတဲ့နေ့တွေ
နင်ငိုနေခဲ့ရ ညများ
ငါတရားခံဖြစ်လို့တောင်းပန်သည်
အချစ်ဆုံးရေ
အို တစ်ကယ်ကိုဝေးခဲ့ကြပြီလားကွယ် (ငါကိုယ်တိုင်စတဲ့ဇာတ်ကို
ငါကိုယ်တိုင်အဆုံးသတ်ဖျက်ဆီး)
ငါကိုယ်တိုင်အလွမ်းနဲ့ကျွမ်းလောင်ပြီ (ဒါဟာအိပ်မက်ဖြစ်ဖို့အတွက်
ငါ ဆုတောင်းဆဲ)
မျှော်လင့်ထားသမျှဖြစ်မလာတော့လည်း(နင်နာကျင်ရတဲ့နေ့တွေနင်ငိုနေခဲ့ရညများ)
ငါတရားခံဖြစ်လို့တောင်းပန်သည်။(ကြွေကာနှုတ်ဆက် မျက်ရည်ဝဲ)
ဗစ်တာရ်ခိုင်မှ။
Random Song Lyrics :
- ile we mnie jest - marika lyrics
- sleep - francesca bathan lyrics
- zimne ognie - zenek kupatasa lyrics
- frio polar - hwii & emirsito lyrics
- villain! - lil nucleus lyrics
- psiho - aleksandra prijović lyrics
- легче (easier) - артём пивоваров (artem pivovarov) lyrics
- what if it doesn't? - liz huett lyrics
- you've got a friend - black milk (czech) lyrics
- american boy - scott bradlee's postmodern jukebox lyrics