
valentine's day a lwan ! - captain-h lyrics
verse
ဘယ်တော့မှခွဲမသွားပါဘူးဆို
အခုကျတော့ အလွမ်းများနဲ့ငါရူးလို့
ချစ်သူလေး ငါရဲ့အဝေး ထွက်ပြေးလည်း
ငါစောင့်နေပါ့မယ်
မင်းအနားနား မရှိတဲ့အချိန်လေးများ
ဒီမှာတစ်ယောက်တည်း သတိရနေခဲ့တာ
ဒါကိုမင်းကမသိတော့ ပိုဝေးသွား
မင်းမရှိတဲ့နေ့တွေ ဖြတ်သန်းနေဆဲပါ
pre
မင်းနဲ့ချစ်သူဖြစ်ခွင့်ရတဲ့နေ့က အပျော်ဆုံးပဲ
လိုသုံးအဖြစ်နဲ့ ငါ့ကိုခဏတာ ခေါ်သုံးတယ်
မင်းရဲ့အသစ်နဲ့ယှဥ်ရင် ငါ့ဘဝဟာအတော်ရှုံးခဲ့
မင်းထားခဲ့တဲ့ ငါ့ကိုငါ တော်တော်မုန်းတယ်
cho
တို့နှစ်ယောက်သွားခဲ့ဖူးတဲ့နေရာလေးတွေ
ပြန်လွမ်းတယ်
အမြဲတမ်းနမ်းခဲ့ဖူးတဲ့ နှုတ်ခမ်းလေးကို
ငါလွမ်းတယ်
သနပ်ခါးနဲ့သင်းသင်းလေးနဲ့ မင်းရဲ့ပါးလေး
ငါလွမ်းတယ်
အခုတော့ တို့နှစ်ယောက်ရဲ့ဘဝ ပြဒါးတစ်လမ်း
သံတစ်လမ်းပဲ
valentine’s day ချောကလက်လေးတွေ
ပြန်လွမ်းတယ်
ဆင်တူဝတ်တဲ့ အကျီလေးကို ငါလွမ်းတယ်
အတူတူထိုင်ခဲ့တဲ့ အင်းယားကန်ဘောင်ကြီးရယ်
ပြန်မရတော့တဲ့ အမှတ်တရတွေ အများကြီး
verse 2
မင်းငါ့အနားမရှိတော့ပေမယ့်ကွာ
ငါ့ရဲ့နှလုံးသား မင်းအတွက်ရှင်သန်ဆဲပါ
အတူတူဖူးခဲ့တဲ့ ရွှေတိဂုံဘုရားကိုရောက်တိုင်းမှာ
မင်းနဲ့နောက်ဘဝ ပေါင်းရပါစေဆုတောင်းတာ
မင်းကတော့ ငါမရှိတဲ့ဟိုအဝေးမှာ
တခြားတစ်ယောက်နဲ့ ပျော်နေနိုင်ပြီပေါ့ကွာ
သူ့ပုခုံးထက် မင်းမှေးစက်နေတဲ့အခါ
တစ်ချက်လောက်ဖြစ်ဖြစ် ငါ့ကိုသတိရနေပေးပါ
pre
မင်းနဲ့ချစ်သူဖြစ်ခွင့်ရတဲ့နေ့က အပျော်ဆုံးပဲ
လိုသုံးအဖြစ်နဲ့ ငါ့ကိုခဏတာ ခေါ်သုံးတယ်
မင်းရဲ့အသစ်နဲ့ယှဥ်ရင် ငါ့ဘဝဟာအတော်ရှုံးခဲ့
မင်းထားခဲ့တဲ့ ငါ့ကိုငါ တော်တော်မုန်းတယ်
cho
တို့နှစ်ယောက်သွားခဲ့ဖူးတဲ့နေရာလေးတွေ
ပြန်လွမ်းတယ်
အမြဲတမ်းတမ်းခဲ့ဖူးတဲ့ နှုတ်ခမ်းလေးကို
ငါလွမ်းတယ်
သနပ်ခါးနဲ့သင်းသင်းလေးနဲ့ မင်းရဲ့ပါးလေး
ငါလွမ်းတယ်
အခုတော့ တို့နှစ်ယောက်ရဲ့ဘဝ ပြဒါးတစ်လမ်း
သံတစ်လမ်းပဲ
valentine’s day ချောကလက်လေးတွေ
ပြန်လွမ်းတယ်
ဆင်တူဝတ်တဲ့ အကျီလေးကို ငါလွမ်းတယ်
အတူတူထိုင်ခဲ့တဲ့ အင်းယားကန်ဘောင်ကြီးရယ်
ပြန်မရတော့တဲ့ အမှတ်တရတွေ အများကြီး
Random Song Lyrics :
- slowin' down - denver late lyrics
- billy the kid - don fuego lyrics
- the wayward wind - hank snow lyrics
- tu eres mía - donthany_urban lyrics
- all that - flow jones jr. lyrics
- incêndios - venus james lyrics
- memórias de paco forcado, vol. 2 - b fachada lyrics
- the slashy show - ez mil lyrics
- em bị oánh - cút lộn lyrics
- thank you - austin official lyrics