
မမုန်းရက်ပါ (ma mone yat par) - charm tunes lyrics
[intro]
မမုန်းရက်ဘူး ကြင်နာသူလေးရယ်၊ ဟိုးအရင်က နေဝင်ချိန်များရယ်၊ ပျော်ပါးခဲ့ဖူး အတူ ဒီအချိန်တွေ ငါသတိရဆဲပဲ။ ငါ့ရဲ့အနားကို နင်ပြန်လာပါဦးကွယ်
[rap 1]
ချစ်ခဲ့ကြတဲ့ ရက်တွေမှာ နင့်ဘက်ကစ ဖြတ်နေတာ၊ မငြင်းတတ်ခဲ့ ငါ့မနက်တွေမှာ ဘဝအလင်းဓာတ်လည်းမရ တစ်ချက်လေးမှ မနား၊ နင့်အတွက်ပဲ ငါ့လက်တွေက အတင်းမရပ်ဘဲ သီချင်းစပ်နေတာ၊ မင်းအဆက်ဖြတ်လည်း ရှင်းရန်ခက်ခဲ မင်းအတွက် ဒါငါ့ သက်သေပါ။ ကြားတဲ့ ဘေးစကားမသိချင်တော့ဘူး၊ ငါ့ရဲ့ဘေးနား မရှိချင်တော့ သူထားခဲ့ အဝေးမှာ ငါ့ကိုလည်း၊ ငါ့ဘက်က မနာကြည်းနိုင်လို့ရူး နင့်ရဲ့အနားက အပြီးနှင်တော့ အခု စကားတို့ လျှောခဲ့ ကတိတွေမျောအတူ ငါ့အလိုသဘောက နီးချင်သော် နင်ငါ့ကိုပြောတယ် မကြည့်ချင်တော့ဘူး။ ငါ့ဘက်က ဘာမှားလို့လဲ? တခြားတစ်ဘက်မှာ သာသွားလို့ပဲ စကားတို့ဆက်ကာ ငါ့ကိုဖြတ်တာ အခွင့်မရှိခဲ့ပါ တားဖို့လည်း၊ မကြိုးစားခဲ့ အသာရဖို့အတွက် အငြိုးမထားလည်း ကမ္ဘာခြားလိုခဲ့၊ နင်သွားကတည်းက ရင်ခုန်သံတွေ နင်နဲ့အတူ ပါသွားလို့ ကဲ အခက်အခဲ အတားအဆီး နင်းဖြတ်ဖို့ ငါ့ရဲ့ဘဝကို ခင်းလျက်ကို ငါ့အပေါ်အမြဲပဲ တအားလျှော်ခဲ့လည်း မ foul ခဲ့ဖူးပါ နင့်ဘက်ကို အစဥ်ပဲ ငါ့အချစ်လင်းလက်ဖို့ နင်ပြောခဲ့သမျှ မငြင်းခဲ့လို့ တခြားရင်ခွင်မှာ မင်းပျော်နေလည်း ကြားပါစေ ဒီသီချင်း rap ကို
[cho]
ထားခဲ့ရက်ပြီပဲ ငါအရူးတပိုင်းနဲ့ ကြေကွဲ မျှော်လင့်ထားတဲ့ နေ့ရက်တို့ ပျောက်လို့သွားမှာ ငါကြိုသိထားပါတယ်။ အမှတ်တရနေ့တွေလည်း အိပ်မက်တစ်ခုလိုပဲ၊ ငါတန်ဖိုးထားခဲ့တဲ့ အနမ်းတချို့ လွမ်းနေဆဲ တို့ဝေးနေလည်း ….
[rap 2]
နှလုံးသားစစ်ထဲ ရွှေ့ကွက်နဲ့ အရှုံးများနင်းလျှက် ဝေးခဲ့တယ် အပြုံးလမ်းခင်းလျှက် အမုန်းတစ်ဝက်ကိုတောင် အချစ်ဆုံး နင့်အတွက် မပေးတတ်ခဲ့ မရစ်ခဲ့ဘူးကွာ ဘေးပတ်လည် အသစ်ရှိနေလား မတွေးခဲ့ဘဲ ငါ့ဘဝတစ်ခုလုံး ဖြစ်တည်နေသမျှ အကုန်လုံး မင်းအတွက် ပေးဆပ်ခဲ့ ငါသွေးပျက်သွားအောင် နောက်တစ်ယောက်နဲ့ နင်တွဲတာသိလည်း နောက်မလှည့်ပါ။ တစ်နေ့နေ့ တစ်ချိန်ချိန် ပြန်နီးမှာပါ အပြစ်လည်း မရှာ အတင်း စောင့်ခဲ့တာပဲ။ နင့်အတွက် ငါ့အချစ် လောက်ခဲ့ပါတယ်။ မင်းထွက်သွား အလင်းပျောက်ခဲ့တာပဲ၊ နှလုံးသားတစ်ခုလုံး ပုံအပ်ပြီးတော့ ချစ်ခဲ့တာ မင်းတစ်ယောက်တည်းပါပဲ။ စိတ်ကူးခဲ့ဖူး အတူနေဖို့ သိပ်ရူးခဲ့ အခု အခုနေကို ငါ့ရဲ့ဘေးကို ရောက်လာမယ်ဆို အပြစ်တွေလည်းမယူ သူအဝေးကို ပြေးမသွားအောင် ဆုခြွေလို့ အတွေးများရောက် သူ့ဘေးသို့၊ အကုန်လုံး ဖြည့်ဆည်းခဲ့လည်း မင်း စထားသွားတော့ အခုရူးနေလို့ နာကြည်းခဲ့တယ် အရှုံးဘက်က ခံစားချက်တွေ သုံးခဲ့ကာ သီချင်းတစ်ပုဒ် နင့်အတွက် ထုံးဖွဲ့ထား နှလုံးသားနဲ့ ငါ့အချစ်ကို ဆုံးဖြတ်ပါ။ ငါ့ရဲ့ ကမ္ဘာ ပျက်သုဥ်းခဲ့ရာက စခဲ့တာ ငါ အမုန်းစာသား သီကုံးဖို့ စဥ်းစား တကယ်ချရေးတော့ သီချင်းနာမည်ကလည်း မမုန်းရက်ပါ
[cho]
ထားခဲ့ရက်ပြီပဲ ငါအရူးတပိုင်းနဲ့ ကြေကွဲ မျှော်လင့်ထားတဲ့ နေ့ရက်တို့ ပျောက်လို့သွားမှာ ငါကြိုသိထားပါတယ်။ အမှတ်တရနေ့တွေလည်း အိပ်မက်တစ်ခုလိုပဲ၊ ငါတန်ဖိုးထားခဲ့တဲ့ အနမ်းတချို့ လွမ်းနေဆဲ တို့ဝေးနေလည်း ….
[bridge]
ချစ်ခဲ့ကြတယ်။ ငါတို့နှစ်ယောက် အပြစ်မဲ့စွာနဲ့ ကြည်နူးနေချိန် ငါ့ရင်ဘတ်ကို အကြောင်းပြချက်မဲ့ နင်းဖြတ်သွားတယ်။ ငါ့ဘက်က မပြောင်းလဲတော့တဲ့ သစ္စာတရားတွေ ရစ်ပတ်နှောင်ဖွဲ့ မင်းဘယ်လိုဖြစ်ချင်တာလဲ? မသိချင်တော့ဘူး ငါ့ရဲ့ဘက်က ချစ်နေတုန်းပဲ မုန်းခဲ့ကြတယ်။ အတူတူ ကုန်ဆုံးခဲ့ကြတဲ့ အတိတ်တွေကို ပြန်တွေးကြည့်တော့ အချစ်ကြီးတဲ့ငါ ရှုံးခဲ့တာပဲ၊ ဘဝတစ်ခုစာ စိတ်နာမယ် တွေးထားလည်း အကုန်ပျက်သုဥ်းခဲ့တာပဲ၊ မချစ်နိုင်လည်းတောင်းဆိုချင်တယ် ငါ့ကိုတော့ နင် မမုန်းလိုက်ပါနဲ့ (မမုန်းလိုက်ပါနဲ့)
[cho]
ထားခဲ့ရက်ပြီပဲ ငါအရူးတပိုင်းနဲ့ ကြေကွဲ မျှော်လင့်ထားတဲ့ နေ့ရက်တို့ ပျောက်လို့သွားမှာ ငါကြိုသိထားပါတယ်။ အမှတ်တရနေ့တွေလည်း အိပ်မက်တစ်ခုလိုပဲ၊ ငါတန်ဖိုးထားခဲ့တဲ့ အနမ်းတချို့ လွမ်းနေဆဲ တို့ဝေးနေလည်း ….
[outro]
နင်ထားတဲ့အတိုင်း ငါ အရင်အတိုင်းပဲ။ မေ့ဖျောက်ဖို့အတွက် ခွန်အားတို့ မရှိပါကွယ်။
Random Song Lyrics :
- the light - oum lyrics
- euphrates - warehouse lyrics
- für die jungs - savvy & motb lyrics
- paycheck - hoodie trash lyrics
- milli - ne-yo lyrics
- jenny craig - dlnqnt lyrics
- go to war - briggs lyrics
- girl don't go where the gargoyles are [reprise] - boris the sprinkler lyrics
- introvert - theodore kidd lyrics
- não dá pra aliviar - abdiel abdizzy lyrics