
အိမ်ပြန်ရရင် (eain pyan ya yin) - charm tunes lyrics
[verse]
ဘယ်အချိန်ပြန်ရောက်မလဲ? တစ်နေ့တော့ မျှော်လင့်တယ်။ ရေမြေခြားတဲ့ အိမ်လေးရယ်။ အချိန်တွေကြာလွန်းတယ်။ မဝေးဘူး ပြန်ရမယ်။ ရက်လနှစ်တို့ စောင့်စားခဲ့။
[pre*cho]
အရင်လို နေ့များမှာ။ ငါ့ကို အားလုံးလည်း စောင့်နေမယ်။ အရင်လို ရက်များမှာ..
[cho]
ငါ ထွေးပွေ့ထားချင်တယ် ဒီနေ့သာ အိမ်ပြန်ရရင်။ ငါ ထွေးပွေ့ထားချင်တယ် အခုသာ အိမ်ပြန်ရောက်ရင်။
ငါ ထွေးပွေ့ထားချင်တယ် ဒီနေ့သာ အိမ်ပြန်ရရင်။ ငါ ထွေးပွေ့ထားချင်တယ် အခုသာ အိမ်ပြန်ရောက်ရင်။
[rap]
အိမ်ကနေ ဝေးနေတဲ့လူတွေပဲ ဒီခံစားချက်ကို သိတယ်။ တချို့က ခနဲ့တယ် ရိသဲ့သဲ့နဲ့ ဟေ့ရောင် မင်းတို့ရော ဘာသိလဲ ? အိမ်နဲ့ အဝေးမှာ မနေဖူးရင် ကိုယ့်ရင်ထဲကိုယ် ပြန်ရှာကြည့်လှည့်။ ကိုယ့်မြို့ရွာ ကိုယ့်ရေမြေကို ချစ်တဲ့စိတ်က အတွင်းမှာ ငြိတွယ်။ တောထဲ တောင်ထဲ တချို့လည်း နယ်မြေခြား တချို့ နိုင်ငံခြားတာ၊ တချို့အတွက်တော့ ပင်လယ်တွေခြား၊ တချို့အတွက်ကျတော့ မိုင်တိုင်ခြားနား။ ပတ်ဝန်းကျင်အသစ်မှာ နေသားကျရင်တောင် သတိရမိတဲ့ အခိုက်အတန့်ခဏမှာ အိမ်ကိုလွမ်းတယ်ဆိုတဲ့ ဝမ်းနည်းမှုက ပြိုင်စံရှားပါ။ အိမ်မှာရောဘယ်လိုနေလဲ ? အဖေနဲ့ အမေရော နေကောင်းရဲ့လား ? ကျွန်တော်တော့ ဘာလုပ်လုပ် တစ်ခုခုလိုနေသလိုမျိုး မပြေပျောက်ခဲ့ပါ။ ဒီလိုအချိန် နေစောင်းတဲ့အခါ မိသားစု အတူတူဆုံပြီး အရင်လိုမျိုး စကားတွေဖောင်ဖွဲ့ ပြောလို့ရရင် သိပ်ကောင်းမယ်ကွာ။ ငါ ထွေးပွေ့ထားချင်တယ် ဒီနေ့သာ အိမ်ပြန်ရောက်ရင် အမေ့လက်ရာတွေ တဝကြီး စားချင်တယ်။ ညဘက်ဆို ရုပ်ရှင်ကားတွေနဲ့ ကမ္ဘာပေါ်က အနွေးထွေးဆုံး မိသားစုတန်ဖိုး ဝေးမှ နားလည်တယ်။ ငါထွေးပွေ့ထားချင်တယ် ဒီနေ့သာ အိမ်ပြန်ရရင်။
[pre*cho]
အရင်လို နေ့များမှာ ငါ့ကို အားလုံးလည်း စောင့်နေမယ်။ အရင်လို ရက်များမှာ..
[bridge]
ငါလွမ်းမိတယ် ငါ့ရဲ့အခန်းလေးကို။ အိမ်ကို ပြန်လာတိုင်း အဖေဖွင့်ပေးတဲ့ တံခါးတစ်ချပ်ကို
[cho]
ငါ ထွေးပွေ့ထားချင်တယ် ဒီနေ့သာ အိမ်ပြန်ရရင်။ ငါ ထွေးပွေ့ထားချင်တယ် အခုသာ အိမ်ပြန်ရောက်ရင်။
ငါ ထွေးပွေ့ထားချင်တယ် ဒီနေ့သာ အိမ်ပြန်ရရင်။ ငါ ထွေးပွေ့ထားချင်တယ် အခုသာ အိမ်ပြန်ရောက်ရင်။
Random Song Lyrics :
- 幾つもの明日 (ikutumono ashita) - 叶 秘蜜 (himitsu kano) lyrics
- if only youd stay - woven in hiatus lyrics
- the end - cazzell lyrics
- for worse or better - dinnerush lyrics
- 24 - nugat lyrics
- la morte a venezia - visconti lyrics
- quiet for now - kym ryder lyrics
- cybone one - grailknights lyrics
- аромат(smell) - how me lyrics
- trash my dead - ウチダセカイカン (uchida sekaikan) lyrics