
a thint shi nay mae thu - htet phyo lyrics
အရာရာမှာငါနင့်အတွက်အမြဲအရှိနေမဲ့သူ
နင်လိုရင်သုံး နင်မလိုရင်မုန်းပါ ငါအရှုံးပေးနေမဲ့သူ
အရာရာကိုငါနင့်အတွက်အမြဲတမ်းပေးဆပ်ချင်တဲ့သူ
ဒီရင်ကိုခွဲဒဏ်ရာတွေနဲ့ငါကျန်နေခဲ့လဲဆက်ချစ်နေမဲ့သူ
နင်မျက်ရည်ကျချိန်နဲ့ငါမျက်ရည်ကျချိန်တစ်ချိန်ထဲဖြစ်နေရင်တောင်
နင့်မျက်ရည်ကိုအရင်သုတ်ပေးမဲ့သူဟာငါ
တစ်ခြားသူတွေနဲ့မတူပါကွာ
နင့်အတွက်အမြဲတစေကျုပ်တွေးခဲ့သူပါကွာ
နှလုံးသားကိုနင့်တစ်ယောက်အတွက်ပဲအလုပ်ပေးမဲ့သူရှာပါဆို
ငါ့အပြင်ဘယ်သူရှိမှာလဲ ဘေးလူတွေအကုန်သိပါရဲ့
ဘာကြောင့်မို့သူမသိတာလဲ? စိတ်တွေပူမိတာအမြဲ
ရုပ်ရှင်တွေအတူကြည့်ချင်တာ ပန်းခြံတွေအတူသွားချင်တာ
အဲ့တာတွေဖြစ်မလာခဲ့တော့စဉ်းစားမိတိုင်းပူပြီးရင်မှာ
နင်လိုသမျှဖြည့်ဆည်းမဲ့သူငါကလွဲလူစားမရှာနဲ့
နေပါရစေသူ့အနားမှာအမြဲ ဒီခန္ဓာကြွေသည်အထိ
ဒီသံသရာရှည်သည်မသိ သူပျော်အောင်လုပ်ပေးပြီး
သူ့အပြုံးလေးထိုင်ကြည့်နေချင် မလဲနိုင်ပါဘူး ဘာစည်းစိမ်နဲ့မှ
သူမကို တန်ဖိုးထားတာခြေအစခေါင်းအဆုံးပါပဲ
သူ့အပေါ်ထားတဲ့ငါ့ရဲ့ မေတ္တာသေမှပြောင်းဦးမှာတဲ့
ငါဆိုတာနင့်အတွက်ဖြစ်တည်လို့နင်စေလိုရာစေလိုက်ပါ
နင့်အတွက်အသင့်သူမို့ နင်သေဆိုငါသေလိုက်မှာ
အရာရာမှာငါနင့်အတွက်အမြဲအရှိနေမဲ့သူ
နင်လိုရင်သုံး နင်မလိုရင်မုန်းပါ ငါအရှုံးပေးနေမဲ့သူ
အရာရာကိုငါနင့်အတွက်အမြဲတမ်းပေးဆပ်ချင်တဲ့သူ
ဒီရင်ကိုခွဲဒဏ်ရာတွေနဲ့ငါကျန်နေခဲ့လဲဆက်ချစ်နေမဲ့သူ
မတောင့်တတော့ဘူး မမျှော်လင့်တော့ပါဘူးကွာ
နင့်ရဲ့အချစ်များကို ငါပိုင်ဆိုင်ချင်ပေမဲ့လဲ
သူငယ်ချင်းထက်မပိုဘူး ဖွင့်မပြောတော့ပါဘူးကွာ
မင်းလိုနေတဲ့အခါ ငါအနားနားရှိနေမှာ
နင့်ရင်ထဲငါမရှိပေမဲ့ ငါ့ရင်ထဲမှာနင်အမြဲရှိတယ်
ခိုင်းသမျှတိုင်းကို မငြီးငြူလုပ်ခဲ့တယ်စဉ်းစားကြည့်ပါဘယ်သူလဲအမိရယ်?
သူအမြဲရှိတာသိပေမဲ့လဲ သူ့အတွက်ငါတွေးပူဆဲ
ငါ့ဆိုမရှိဘူးအရေးတစ်ယူလဲ ဟုတ်တယ်! ခုငါဘေးလူပဲ
အချစ်ကိုနိုင်ဖို့ကစားတာဆို အနိုင်ပေးပါတယ် နင်မမောဖို့
တစ်ခါပြန်ယောင်မှားကြားမိပါတယ် ချိုသာလွန်းတဲ့နင့်အပြောတို့
ကလေးလိုအမှတ်နဲ့ထွေးလို့ဖက်ကာမှ ရင်ကိုဆောင့်ကန်အဝေးကိုထွက်
သူများအတွက်တော့အဆိုတော်ပါကွာ နင့်အတွက်ငါကတေးဆိုငှက်
ပျော်တော်ဆက်ဘဝ ဂျိုကာလိုမျိုးနေပေမဲ့လဲအသုံးမဝင်
အရှုံးမြင်လဲနင်အမြဲရှိတယ် ဘယ်ဘက်ရင်အုံ နှလုံးတွင်
နင့်အတွက်ဆိုရင်တစ်ကမ္ဘာလုံးနဲ့လဲစစ်ခင်းကာပေးမယ်
ငါ့ရင်ထဲမှာနင့်အတွက်ဆိုရင် အမုန်းမရှိချစ်ခြင်းသာတွေးတယ်
ငိုရလွန်းလို့ငါ့မျက်ရည်တွေခမ်းခြောက်ကာရူး
နင်ကတော့ငါ့အချစ်တွေကိုဘယ်သောခါမှမလွမ်းလောက်ပါဘူး
ငါကျတဲ့မျက်ရည်တွေခုနင်ခြေဆေးဖို့ချောင်းဖြစ်ကာနေမယ်
နင်သေတဲ့အခါငါ့နှလုံးသား နင့်အတွက်အခေါင်းဖြစ်ပါစေကွယ်
(အရာရာမှာငါနင့်အတွက်အမြဲအရှိနေမဲ့သူ
နင်လိုရင်သုံး နင်မလိုရင်မုန်းပါ ငါအရှုံးပေးနေမဲ့သူ
အရာရာကိုငါနင့်အတွက်အမြဲတမ်းပေးဆပ်ချင်တဲ့သူ
ဒီရင်ကိုခွဲဒဏ်ရာတွေနဲ့ငါကျန်နေခဲ့လဲဆက်ချစ်နေမဲ့သူ )2
Random Song Lyrics :
- silk - ashley monroe lyrics
- local legend - асоер (asoer) lyrics
- acuérdate de mí - latenightjiggy lyrics
- ola - bray kid lyrics
- on one - lavaboy lyrics
- the wings - 片瀬那奈 (nana katase) lyrics
- echt - fae august & jerp walker lyrics
- teenager - rvmzes lyrics
- soy yo (tce mic check) - neutro shorty & the cypher effect lyrics
- la quería - maría peláe lyrics