
injury of heart - htet phyo lyrics
ဒဏ်ရာတွေနဲ့ရေးခြစ်ထားတဲ့
သီချင်းတွေဆိုနေအုန်းမယ်
ဒီရင်ခွင်ဟာမင်းတစ်ယောက်အတွက်နဲ့
ငိုနေတုန်းပဲ
ခံစားချက်တွေ
အိပ်မက်အားလုံးအကုန်ပျောက်ဆုံးခဲ့
မျှော်လင့်ချက်တွေ
ပေးခဲ့ပြီးမှနင်ထွက်သွားတာ
ငါမလိုဘူး မင်းလေးပျော်ရွှင်တာမြင်နေရရင်
မလိုဘူး မင်းတစ်ယောက်ကလွဲလို့ ကျန်တာဘာမှ
စိတ်ကူးယဉ်ဆဲ တကယ်ဆိုလက်တွေ့ဘဝနဲ့
အကုန်ကွာခြားတယ်
နင်မသိနိုင်ခဲ့
ငါ့နှလုံးသားထဲကဒဏ်ရာများရယ်
မှားတာသိတယ်
တစ်ချိန်ကငါ့ကိုအရမ်းချစ်တဲ့သူ
အနားမှာရှိတယ် အနိုင်တွေယူခဲ့ပေမဲ့
ငါချစ်ခဲ့တာကို
ငါ့ကို၌နဲ့ ဘုရားသာသိတယ် ကြားနာမိခဲ့
လိုချင်တဲ့စိတ်တဏှာ
အမြဲလက်ခံထားတယ် အချစ်ဆိုတာ
တကယ်တမ်းကျတော့ ဒုက္ခ သစ္စာ
အချစ်ကမီးလိုပူတယ်သိရက်နဲ့ ကျုပ်ကချစ်တာ
ရင်ကိုထိုးမယ့်မီးတောက်ဆူးမှန်းသိတယ်
ချစ်လွန်းလို့ ခုတ်ချမပစ်တာ
ကိုယ်ပိုင်မယ်ထင်တဲ့အရာတစ်ခုတစ်ခြားလူပိုင်တော့
ဒုက္ခဖြစ်တာ
အဲ့ဒါက ပုထုဇဉ်တို့ရဲ့ ဖြစ်လေ့ဖြစ်ထ
လူဆိုတာအပြောင်းအလဲမြန်တယ်
အသစ်တွေ့ပစ်ချ အဟောင်းကို
မနက်ဆိုကျောင်းပို့ကျောင်းကြို ညနေတွေကျ
နင့်ကိုချစ်ကြောင်း သက်သေတွေပြရရင်
နှလုံးသားမှာ ပျက်ကြွေမြေခ
နင့်ကိုလွမ်းလို့မျက်ရည်တွေကျ
ခံစားရတာမချိတင်ကဲပါ
ကိုယ့်ချစ်သူပျော်တာကိုယ့်ကြောင့်မဟုတ်ရင်
ဘယ်သူကရော ကြည့်ချင်မလဲကွာ
ကျေကျေနပ်နပ်အချစ် မေတ္တာ အစစ်ဆိုတာ
နှလုံးသားကရတာ လုပ်လို့မရဘူး ရွှေငွေထက်နဲ့
ငါမလိုဘူး မင်းလေးပျော်ရွှင်တာမြင်နေရရင်
မလိုဘူး မင်းတစ်ယောက်ကလွဲလို့ ကျန်တာဘာမှ
စိတ်ကူးယဉ်ဆဲ တကယ်ဆိုလက်တွေ့ဘဝနဲ့
အကုန်ကွာခြားတယ် နင်မသိနိုင်ခဲ့
ငါ့နှလုံးသားထဲကဒဏ်ရာများရယ်
ရင်ခုန်သံတွေသေဆုံးခဲ့ပြီ
ငါနာကျင်တာတွေနင်မသိဘူး
ဟိုအရင်အတိတ်ကရက်စွဲလေး
ပြန်လည်တမ်းတနေဆဲပါ
မင်းရဲ့ ဟန်ဆောင်အပြုံးများ
မင်းရဲ့အပြာရောင်
နှုတ်ခမ်းတွေမြင်နေတုန်းပါ
အခုထိ ငါရူးလို့နေဆဲပဲ
လူဆိုတာအရူးတွေပါပဲ
ရူးနေတာ စိတ္တဇတစ်ခုဆီကွာ
အရိပ်ကအခုဒီမှာ သို့သော် စိတ်ကသူ့ဆီမှာ
နင်ကမီးဆိုနင်ဆက်ပြီး ထွန်းတောက်ဖို့
ငါက oxygen လိုနင့်အတွက်
ကူညီလောင်ကျွမ်းပေးနေမှာ
စိတ်ကူးအမှောင်ခန်းလေးတွေမှာ
အတူတူစိတ်ကူးခဲ့ဖူးတယ်
ဟိုတစ်ချိန်က မယ်တစ်ရွက်
မောင်တစ်ထမ်းအတွေးတွေဟာ
အခုကျနင့်အတွက်မလိုပါဘူး
နင်ပျော်တယ်ဆိုမငိုပါဘူး
မချစ်လို့ထွက်သွားတာပဲ
ချစ်လို့မျှော်တဲ့ကိုယ်သာအရူး
ငါမလိုဘူး မင်းလေးပျော်ရွှင်တာမြင်နေရရင်
မလိုဘူး မင်းတစ်ယောက်ကလွဲလို့ ကျန်တာဘာမှ
စိတ်ကူးယဉ်ဆဲ တကယ်ဆိုလက်တွေ့ဘဝနဲ့
အကုန်ကွာခြားတယ် နင်မသိနိုင်ခဲ့
ငါ့နှလုံးသားထဲကဒဏ်ရာများရယ်
ငါမလိုဘူး မင်းလေးပျော်ရွှင်တာမြင်နေရရင်
မလိုဘူး မင်းတစ်ယောက်ကလွဲလို့ ကျန်တာဘာမှ
စိတ်ကူးယဉ်ဆဲ တကယ်ဆိုလက်တွေ့ဘဝနဲ့
အကုန်ကွာခြားတယ် နင်မသိနိုင်ခဲ့
ငါ့နှလုံးသားထဲကဒဏ်ရာများရယ်
လူဆိုတာအရူးတွေပါပဲ
ရူးနေတာ စိတ္တဇတစ်ခုဆီကွာ
အရိပ်ကအခုဒီမှာ သို့သော် စိတ်ကသူ့ဆီမှာ
နင်ကမီးဆိုနင်ဆက်ပြီး ထွန်းတောက်ဖို့
ငါက oxygen လိုနင့်အတွက်
ကူညီလောင်ကျွမ်းပေးနေမှာ
စိတ်ကူးအမှောင်ခန်းလေးတွေမှာ
အတူတူစိတ်ကူးခဲ့ဖူးတယ်
ဟိုတစ်ချိန်က မယ်တစ်ရွက်
မောင်တစ်ထမ်းအတွေးတွေဟာ
အခုကျနင့်အတွက်မလိုပါဘူး
နင်ပျော်တယ်ဆိုမငိုပါဘူး
မချစ်လို့ထွက်သွားတာပဲ
ချစ်လို့မျှော်တဲ့ကိုယ်သာအရူး
Random Song Lyrics :
- again (remix) - knak, blink, outlander on the track lyrics
- mai aur zehar - official bhagat lyrics
- fiesta ideal - super especial lyrics
- les merveilleux contes du pere johem - johem lyrics
- kahanan - safira inema lyrics
- glory! - christopher syncere lyrics
- blitz! - cyber5upremacy lyrics
- better than this - calista del toro lyrics
- celebrate - milk & sugar lyrics
- starlight - aquatico zephyrino lyrics