
ဒီလိုဘဲ (d lo pal) - idiots lyrics
မြန်မာသီချင်းစာသားများ (myanmar lyrics)
[verse 1]
တစ်ခါတစ်လေ ဘဝက အားတက်နေရောင်အဆင်းအလား
တစ်ခါတစ်လေတော့ ဘဝဟာ ခုံမင်နှစ်သက် လွမ်းမောစရာ
တစ်ခါတစ်လေ ဘဝမှာ အားတက်စရာ အခွင့်အလမ်းများ
တစ်ခါတစ်လေ လမ်းတစ်ဝက်မှာ အရာရာလွှတ်ချ အရှုံးပေးဖို့စဉ်းစား
သေချာဖမ်းဆုပ်မရတာတရား
[chorus]
ဒီလိုနဲ့အနိမ့်အမြင့်နဲ့ နေဝင်ခဲ့ မိုးသောက်တယ်
လှုပ်ရှားရုန်းကန် တစ်ရက်ပြီးတစ်ရက်
မှန်အောင်လုပ် ကြိုးစားရင်း တစ်ခါထပ်ပြီး မှားတော့လဲ
သိပ်ပြီးစွဲလို့မထားတော့ပဲ
ဒီလိုပဲအတက်အကျနဲ့ သာယာခဲ့ စက်ဆုပ်တယ်
တကယ်တော့ဘဝဟာ အခွံသက်သက်
ငါစားသုံးခဲ့ နှစ်လရက်
[verse 2]
တစ်ခါတစ်လေဘဝမှာ ဖြုန်းတီးစရာ အချိန်အများအပြား
တစ်ခါတစ်လေ ပခုံးထက်မှာ တာဝန်များနဲ့ နွမ်းလျ စွာ
ပျော်ရလဲခဏ ဝမ်းနည်းနေရလဲခဏ
ဒါဆိုအဆင်မပြေတဲ့ခဏမှာ
သင်နာကျည်းပြီးအရှုံးပေးဖို့ကြံမလား
ပြန်လည်ရုန်းထ ရှေ့ဆက်မလား
[chorus]
ဒီလိုနဲ့အနိမ့်အမြင့်နဲ့ နေဝင်ခဲ့ မိုးသောက်တယ်
လှုပ်ရှားရုန်းကန် တစ်ရက်ပြီးတစ်ရက်
မှန်အောင်လုပ် ကြိုးစားရင်း တစ်ခါထပ်ပြီး မှားတော့လဲ
သိပ်ပြီးစွဲလို့မထားတော့ပဲ
ဒီလိုပဲအတက်အကျနဲ့ သာယာခဲ့ စက်ဆုပ်တယ်
တကယ်တော့ဘဝဟာ အခွံသက်သက်
ငါစားသုံးခဲ့ နှစ်လရက်
[bridge]
တကယ်တော့ဘဝဟာ အခွံသက်သက်
မတွယ်ငြိနဲ့ကွာ မင်းထားခဲ့
ဘယ်သူမှမသိပါ သေမယ့်ရက်
လွင့်မြောလိုက်ပါ မစဉ်းစားနဲ့
တကယ်တော့ဘဝဟာ အခွံသက်သက်
မတွယ်ငြိနဲ့ကွာ မင်းထားခဲ့
ဘယ်သူမှမသိပါ သေမယ့်ရက်
လွင့်မြောလိုက်ပါ မစဉ်းစားနဲ့
[outro]
ဒီလိုနဲ့အနိမ့်အမြင့်နဲ့ နေဝင်ခဲ့ မိုးသောက်တယ်
လှုပ်ရားရုန်းကန် တစ်ရက်ပြီးတစ်ရက်
မှန်အောင်လုပ် ကြိုးစားရင်း တစ်ခါထပ်ပြီး မှားတော့လဲ
(သိပ်ပြီးစွဲလို့မထားတော့ပဲ)
ဒီလိုပဲအတက်အကျနဲ့ သာယာခဲ့ စက်ဆုပ်တယ်
တကယ်တော့ဘဝဟာ အခွံသက်သက်
လွင့်မြောလိုက်ပေါ့ နှစ်လရက်
Random Song Lyrics :
- marshmallow day - mr.children lyrics
- tblood story 4 - young gemni lyrics
- bleed through the bandages - lil skele lyrics
- major - pablopavo i ludziki lyrics
- no es país para viejos - los chikos del maíz lyrics
- hear me - sweet pablo lyrics
- flunkern - faroon lyrics
- the myth / i don't - for those i love lyrics
- austin town - tempalay lyrics
- christmas - unknownuniverse lyrics