
amor - jerrieboo lyrics
[verse 1]
စိန်စီထားတဲ့
တိမ်ပန်းချီကားတွေကြည့်ကာ
လွမ်းတယ်
ဒေစီပန်းတွေ
ဝေသည့်လမ်းကိုလျှောက်ချင်
မင်းနဲ့
[pre*chorus]
ချစ်ခရီးတွေက
မျှော်လင့်သည့်အတိုင်း
ဖြောင့်ဖြူးခြင်းမရှိပါ
သို့သော် ယုံထားမလား
ကိုယ့်လက်ကိုကိုင်ဆွဲကာ
[chorus]
မင်းတစ်ယောက်အတွက် ငါ့ဘဝကိုပုံပြီး
ရှိရှိသမျှပေးအပ်လို့ထားပြီ
အဆုံးသတ်အထိ နောက်လှည့်ကာပြန်မကြည့်တော့ပါ
ကြီးမားတဲ့ဒုက္ခတွေငါမသိ
စိတ်ပျက်လို့လက်လျှော့ဖို့အကြောင်းမရှိ
ရူးသွပ်မှုမေးခွန်း အဖြေရှာကြည့်တဲ့အခါ
ကိုယ့်ရဲ့အသက်ဟာ
မင်းရဲ့လက်မှာ
[verse 2]
ရာသီအလှတွေ
စာစီပြတောင်
မင်းလောက်မဆန်းကြယ်
အဝါရောင်သန်းတဲ့
အပြာရောင်ပန်းငယ်လေးဟာ
မင်းပဲ
[pre*chorus]
ချစ်ခရီးတွေက
မျှော်လင့်သည့်အတိုင်း
ဖြောင့်ဖြူးခြင်းမရှိပါ
သို့သော် ယုံထားမလား
ကိုယ့်လက်ကိုကိုင်ဆွဲကာ
[chorus]
မင်းတစ်ယောက်အတွက် ငါ့ဘဝကိုပုံပြီး
ရှိရှိသမျှပေးအပ်လို့ထားပြီ
အဆုံးသတ်အထိ နောက်လှည့်ကာပြန်မကြည့်တော့ပါ
ကြီးမားတဲ့ဒုက္ခတွေငါမသိ
စိတ်ပျက်လို့လက်လျှော့ဖို့အကြောင်းမရှိ
ရူးသွပ်မှုမေးခွန်း အဖြေရှာကြည့်တဲ့အခါ
ကိုယ့်ရဲ့အသက်ဟာ
မင်းရဲ့လက်မှာ
Random Song Lyrics :
- prime - jj finesser lyrics
- te pedí - dfekto lyrics
- kol da leeh - كل دا ليه - seif music - سيف ميوزك lyrics
- joker ft. infaz - 2dk - joker lyrics
- pero hoy - uritheboy lyrics
- time and space - jamar rose lyrics
- asi me gustas - griser nsr lyrics
- менталитет - hellotokyo lyrics
- give her to the river - spirit adrift lyrics
- fieber - aidan (deu) lyrics