
fraud - jerrieboo lyrics
[verse 1]
လောင်းရိပ်မှာ မင်းသိပ်ပျော်နေလား
နူးညံ့တဲ့စိတ်တို့ အရောင်စွန်းသွားပြီလား
တဆစ်ဆစ်ကိုက်ခဲဆဲ ဒဏ်ရာများ
အေးစက်စက်ညနက်တွေထဲ မျောလွင့်ကာ
[pre*chorus]
သံယောဇဉ်လား ဝဋ်ကြွေးတွေလား
ဘယ်လိုမှငါဝေခွဲမရ
မထင်မှတ်ထားအောင် မင်းဟာလုပ်ရက်သွားတာ
ငါ့ဘက်လေးတောင်ငဲ့မကြည့်ပါ
ကြင်နာတဲ့မေတ္တာများကို စွန့်ပယ်သွားကာ
အဝေးမှာပုန်းရှောင်နေဦးမလား
ငါယုံကြည်မိတဲ့အချစ်တွေ အဆိပ်တက်သွားတာ
နည်းနည်းလေးတော့ခါးလိုက်တာ
[chorus]
ငါနေသားကျပါပြီ
အဖြေကတော့ အခုထိရှာမရ
ပျောက်ဆုံးသွားတဲ့ စကားလုံးများရယ်
အရာတိုင်းဟာ အဓိပ္ပါယ်မှုန်ဝါးဝါး
ငါနေသားကျပါပြီ
တစ်ယောက်တည်းပဲ ရှေ့ဆက်မယ့်နေ့များ
အိပ်မက်များရယ် အနာဂတ်များရယ်
အကုန်လုံးပုံအပ်ကာ ယုံမှားသွား
[hook]
အဆုံးသတ်ကျတော့
နှုတ်မဆက်ဘဲနင်
ရုတ်တရက်ထွက်ခွါသွား
စုတ်ပြတ်သွားအောင်လုပ်ရက်ပြီးမှ
ပြန်လှည့်ကြည့်ဦးမလား
အဆုံးသတ်ကျတော့
နှုတ်မဆက်ဘဲနင်
ရုတ်တရက်ထွက်ခွါသွား
ဆုံးဖြတ်မရအောင်ရှုပ်ယှက်လှတဲ့
စာမျက်နှာအပိုင်းအစ
[pre*chorus]
သံယောဇဉ်လား ဝဋ်ကြွေးတွေလား
ဘယ်လိုမှငါဝေခွဲမရ
မထင်မှတ်ထားအောင် မင်းဟာလုပ်ရက်သွားတာ
ငါ့ဘက်လေးတောင်ငဲ့မကြည့်ပါ
ကြင်နာတဲ့မေတ္တာများကို စွန့်ပယ်သွားကာ
အဝေးမှာပုန်းရှောင်နေဦးမလား
ငါယုံကြည်မိတဲ့အချစ်တွေ အဆိပ်တက်သွားတာ
နည်းနည်းလေးတော့ခါးလိုက်တာ
[chorus]
ငါနေသားကျပါပြီ
အဖြေကတော့ အခုထိရှာမရ
ပျောက်ဆုံးသွားတဲ့ စကားလုံးများရယ်
အရာတိုင်းဟာ အဓိပ္ပါယ်မှုန်ဝါးဝါး
ငါနေသားကျပါပြီ
တစ်ယောက်တည်းပဲ ရှေ့ဆက်မယ့်နေ့များ
အိပ်မက်များရယ် အနာဂတ်များရယ်
အကုန်လုံးပုံအပ်ကာ ယုံမှားသွား
Random Song Lyrics :
- b.o.c - niska lyrics
- mix it up - chief keef lyrics
- girl in tha black dress (interlude) - jack wint-reilly lyrics
- hiduplah hari ini - dialog dini hari lyrics
- other girl - morgan page feat. rayla lyrics
- georgia on my mind (03-21-41) - billie holiday lyrics
- eén ding - f1rstman lyrics
- nie chcę cię obchodzić - anna wyszkoni. lyrics
- mevlana gibi - abdurrahman önül lyrics
- another round - murs lyrics