
nalonethar lwinpyin - luseng lyrics
ကြေမွနေတဲ့ဒီနှလုံးအိမ်ထဲ
ဘယ်လိုအဖတ်ဆယ်ရမှန်းမသိ
မျက်ရည်တွေ
ကျလိုက်ပြန်သုတ်လိုက်နဲ့
သံသရာတွေလည်
ဖေဖေဘယ်မှာလဲ
မေမေဘယ်မှာလဲ
အတွေးတွေ
သမီးရင်ထဲမှာပြောစရာလေးတွေအများကြီးရှိနေတယ်
နားထောင်ပေးဖို့အခွင့်မကြုံတော့ပေမယ့်
ကောင်းကင်ကြီးကိုငေးကာ
အဖေ့နဲ့အမေ့ကိုနေ့တိုင်း
သတိရတဲ့အကြောင်းတွေကိုပြောနေတယ်
ကြားနိုင်ရဲ့လား
အဖေ့ရဲ့စကားသံ အမေ့ရဲ့စကားသံ
လေးများကြားချင်တယ်
စိတ်ကူးယဉ်အတွေးတွေ
ခုထိရှိတုန်းပဲ
အဖေ့ရဲ့ဂရုဏာဒေါသ
အမေ့ရဲ့မေတ္တာစေတနာ
ကလေးလေးတစ်ယောက်လိုမျှော်လင့်မိတုန်းပဲ
မြင်နိုင်ရဲ့လား
မစဉ်းစားချင်လဲ
ဒီအတွေးလေး
မြင်နေတွေ့နေကြားနေရတဲ့
အဖေအမေဆိုတဲ့အသံတွေ
ခေါ်စရာမရှိ
ရင်မှာဆို့နင့်ကာကြေကွဲ
တစ်ခါတစ်လေခံနိုင်ရည်တောင်မရှိတော့လောက်အောင်ပဲ
လွမ်းမိပါတယ်
လိုချင်မိပါတယ်
အားကျမိပါတယ်
အဖေနဲ့အမေ့ရဲ့နောက်ဆုံးအချိန်လေးကိုသတိရမိပါတယ်
ပူလောင်မှုနဲ့စိုးရိမ်ခြင်းတွေတစ်ပုံကြီးနဲ့
လူလားမမြောက်သေးတဲ့သားသမီးများအတွက်
နောက်ဆုံးချိန်အထိတောင်ရင်မအေးနိုင်ခဲ့
စိတ်ချလိုက်ပါတော့
အခုဆိုသမီးတို့ဘဝ ငြိမ်းချမ်းပါပြီ
ကျေးဇူးပါပဲအဖေနဲ့အမေ
ဒီစကားလေးတစ်ခွန်းတော့ပြောချင်တယ်
ငြိမ်းချမ်းစွာမှေးစက်လိုက်ပါတော့
အမြဲတမ်းချစ်နေမယ်
အမြဲတမ်းလဲလွမ်းနေမယ်
ဒီရင်ထဲမှာဘယ်တော့မှမမေ့ဘူး
မစဉ်းစားချင်လဲ
ဒီအတွေးလေး
မြင်နေတွေ့နေကြားနေရတဲ့
အဖေအမေဆိုတဲ့အသံတွေ
ခေါ်စရာမရှိဘူး
ရင်မှာဆို့နင့်ကာကြေကွဲ
တစ်ခါတစ်လေခံနိုင်ရည်တောင်မရှိတော့လောက်အောင်ပဲ
လွမ်းမိပါတယ်
လိုချင်မိပါတယ်
အားကျမိပါတယ်
လွမ်းမိပါတယ်
လိုချင်မိပါတယ်
အားကျမိပါတယ်
Random Song Lyrics :
- 4 u - richboypopin lyrics
- old ways - javn2900 lyrics
- market day - obijuan lyrics
- muchacha de quince años (mariachi version) - liberación lyrics
- end of my life - moonbless lyrics
- step in like - angell mutoni lyrics
- moshpit - lazer dim 700 lyrics
- vicious circle - judas priest lyrics
- greed's echoes - giovanni johven & lil baby (2) lyrics
- холодно (coldly) - rollor lyrics