
ni mate - mary soe lyrics
သီချင်းစာသား (mary – နိမိတ်)
[verse 1]
မခံစားနိုင်ဘူး အချစ်ရဲ့ဝေဒနာတွေ
ငါ့ခေါင်းတွေထဲ တိုးလို့ဝင်ဆဲ
မျက်လုံးများပြန်ဖွင့်လိုက် ပြန်မှိတ်လိုက်
စဉ်းစားရင်းအိပ်မပျော်နိုင်လို့
[verse 2]
မာနရှင်လေး ဆွေးလို့နေပါ၏
ကိုယ်မရှုံးချင်လဲ ဉီးညွှတ်ချင်ပြီ
ရုတ်တရက်ပေါက်ကွဲလိုက် ငြိမ်သက်လိုက်
ရင်ခုန်သံဆူညံနေတဲ့နှလုံးသားရင်မောတယ်
[chorus]
အလွမ်းတွေမျောလွင့်ကျဲ
မိုးသားကောင်းကင်ထက်
ရုန်းထွက်ရှင်းနဲ့
တရွေ့ရွေ့စီးဝင်ခဲ့
လွန်ဆွဲထားတဲ့စိတ်တွေ
အရုပ်တရုပ်လိုပဲလေ
အချစ်စိတ်တက် လွမ်းနားတွေကျရင်း
[verse 3]
ကိုယ်ချစ်နေမှန်းအခုတော့ သေချာပြီ
နှောင်ကြိးတွေထဲ တိုးလို့ဝင်ငြိ
အချိန်ရှိတိုင်းသတိရတဲ့ စိတ်တွေရယ်
အတွင်းထဲကလိုက်စား
ဟူး မမြင်ချင်ယောင်ဆောင်
တမင်ရှောင်ဖယ်လို့ မရနိုင်ခဲ့ စွဲလမ်းခြင်း
မီးခိုးများနဲ့ အသဲကြွေ
[chorus]
အလွမ်းတွေမျောလွင့်ကျဲ
မိုးသားကောင်းကင်ထက်
ရုန်းထွက်ရှင်းနဲ့
တရွေ့ရွေ့စီးဝင်ခဲ့
လွန်ဆွဲထားတဲ့စိတ်တွေ
အရုပ်တရုပ်လိုပဲလေ
အချစ်စိတ်တက် လွမ်းနားတွေကျရင်း
Random Song Lyrics :
- cascade - lufty lyrics
- ready to go - jaime lyn beatty lyrics
- love+addict - areli777 lyrics
- arizona sky - extreme music lyrics
- we got this now - robbie arroyo lyrics
- l'estetica - uochi toki lyrics
- stressed skit - assalti frontali lyrics
- hangover - honorata skarbek lyrics
- tidal b-sides concert freestyle - jay-z lyrics
- cosmic leaning dreamers - the rainbow mandrills lyrics