
pone san khwat htal ka bawa myar mi sandi - mi sandi feat. g fatt lyrics
အမေ့ဗိုက်ထဲကနေအူဝဲ အူဝဲနဲ့အော်ပြီး
ထွက်လာတဲ့အရွယ်ကတည်းကမင်းလိုပဲ
အပြစ်ကင်းတယ် သူလည်းအဖြူထည်
အရွယ်ရောက်လာတော့ စာကြိုးစားဖို့ဆူတဲ့ပူတဲ့
မိဘတွေ ဖြစ်စေချင်တဲ့ဆန္ဒတွေနဲ့
မတူတဲ့လူငယ်
မှန်မှန်မှားမှား ဆုံးမတာတွေအထွန့်မတက်ရ
ကျောင်းကစာတွေအလွတ်ကျက်ကာ စာမေးပွဲသွားဖြေ report cardမှာ
အဆင့် ၁ နေရာ ပထမကို ယူမယ်ဟေ့
စနစ်ဆိုးနွံထဲနစ်နေတဲ့ ပတ္တမြားလိုလူငယ်တွေ
အဲ့စနစ်ထဲ ခေတ်လည်းပိုဆိုးခဲ့
လူကြီးတွေကချုပ်ခြယ်တယ် အဖြစ်သည်းသလိုမျိုးနဲ့
တချို့ကမူးယစ်ဆေးတွေငြိ
တချို့ကဘဝမှာ အချစ်ပဲလိုလို့တဲ့
အမြင့်ပျံငှက်တွေကို ရေကူးဖို့သူတို့မြစ်ထဲကိုပို့တယ်
ထစ်ခနဲဆို ငိုဖို့ပဲစိတ်ဓာတ်ကပြုတ်ကျတာဗျ
ခရစ်ယာန်လား မူစလင်လား တချို့ကဗုဒ္ဓဘာသာ
ဘာဖြစ်ဖြစ်ကြိုးဆွဲရာကတဲ့အရုပ်ဘဝသာသာကနေ
မင်းကိုယ်မင်းကိုးကွယ်ပြီးအစွမ်းအစတွေထုတ်ပြပါကွာ
come on.
မုန်တိုင်းတွေပြီးရင် လေပြည်တွေလာမယ်
အဆိုးများပြီးရင် ကံကောင်းခြင်းတို့ရောက်လာမယ်
ဒီလောကဓံများကို ရင်ဆိုင်ကျော်ဖြတ်ရင်း
အားတင်းထားပါ…ငိုမနေပါနဲ့
တစ်ခါတလေကျရင် တကယ်ကိုလောကကြီးကမတရားတာသိတယ်
သဘာဝပဲလေ လူတွေတိုင်းလည်းကိုယ့်အပေါ်မကောင်းနိုင်ဘူး
ဒါပေမယ့်လေ အနာဂတ်များထဲ တောက်ပခြင်းတွေရှိတယ်
အမှောင်အတိတ်ဆိုးမှာ ယောင်လည်လည်ရပ်မနေနဲ့ကွာ
ကောင်းကင်ကြီးလည်း အမြဲတမ်းလေမပြာနိုင်ဘူးကွယ်
တိမ်ညိုတွေအုပ်လို့ မှောင်မဲတဲ့အခိုက်ရှိမှာပဲ
ဘဝမှာလည်းကွယ် အနိမ့်အမြင့်တွေကြုံနေရမယ်
နေပူပြီးရင် မိုးတွေဟာထပ်ရွာဦးမယ်
မုန်တိုင်းတွေပြီးရင် လေပြည်တွေလာမယ်
အဆိုးများပြီးရင် ကံကောင်းခြင်းတို့ရောက်လာမယ်
ဒီလောကဓံများကို ရင်ဆိုင်ကျော်ဖြတ်ရင်း
အားတင်းထားပါ…ငိုမနေပါနဲ့
ကိုယ့်ထက်နိမ့်ကျရင် တစ်ဖက်ကိုမလေးမစား ဆက်ဆံပြီး
ကိုယ့်ထက်သာတဲ့လူတွေရှေ့ရောက်ရင် မျက်နှာချိုသွေးပြ
အဲ့သလိုကလေးကလားစိတ်တွေ မမွေးဖွားဖို့
မသင်ပေးလိုက်ဘူးလား မင်းတက်လာတဲ့တက္ကသိုလ်လေးက
စိတ်ဆိုးရင်ဒေါသက tempo အမြင့်ဆုံးပါတဲ့
တစ်ဖက်သားကိုယုတ်မာဖို့အကြံကိုအရင်ထုတ်တာတဲ့
ခေါင်းအေးအေးထားမစဉ်းစားဘဲ ရန်လိုရင်ရှုံးမှာပဲ
သူမကောင်းလည်း ကိုယ်ပြန်ကောင်းပေးလိုက်
မှန်လိုမကျင့်သုံးပါနဲ့
ကဲ… ပြောရတာလည်း အာပေါက်တယ်
ဖြေစမ်းပါဦး အခါ ၆၀ လောက်
ဘဝမှာ အသက်ရှင်သန်နေတာ ဘာကြောင့်လဲ?
အဲ့လိုအခြေအတင်မေးသမျှကို
အဖြေအရင်ပေးသွားပြီး
တန်ဖိုးရှိအောင်နေပါ မသေခင်လေးခဏ
မုန်တိုင်းတွေပြီးရင် လေပြည်တွေလာမယ်
အဆိုးများပြီးရင် ကံကောင်းခြင်းတို့ ရောက်လာမယ်
ဒီလောကဓံများကို ရင်ဆိုင်ကျော်ဖြတ်ရင်း
အားတင်းထားပါ…ငိုမနေပါနဲ့
Random Song Lyrics :
- ayez atamen alik - عايز أطمن عليك - wael jassar - وائل جسار lyrics
- where are you now? - coldxann lyrics
- if i could - jay som lyrics
- audi mačka - tea barbie lyrics
- warren buffet (feat. c-prince) - missoury lyrics
- paria - fengbabyy lyrics
- abstraction - studi01 lyrics
- please, would someone turn on the ac - whitsett lyrics
- friends - r. stevie moore lyrics
- intro - contrakaos lyrics