hna lone thar lay ko tha nar tal - mi sandi lyrics
ငါ့နှလုံးသားလေးကိုသနားတယ်
ငါ့ဦးနှောက်ကတားတယ်
လူတွေကန့်ကွက်တဲ့ကြားက
ရှေ့ကိုငါလေဆက်တိုးခဲ့
အချစ်ကဘဝမဟုတ်ဘူးကွယ်
ငါယူဆလို့လက်ခံထားလည်း
နင်ကငါ့ဘဝဖြစ်လာတယ်
မျှော်လင့်လို့မရတာသိတယ်
ငါကျေနပ်လို့လက်ခံပါ့မယ်
တစ်ချိန်မှာမင်းထားရစ်ခဲ့ရင်လည်း
မချစ်သင့်ဘူးဆိုတာကိုငါသိရက်နဲ့
ငါလေဇွတ်မှိတ်ပြီးစွန့်စားချင်မိ
ငါ့နှလုံးသားလေးကိုသနားတယ်
ငါ့ဦးနှောက်ကတားတယ်
လူတွေကန့်ကွက်နေလည်းပဲ
ရှေ့ကိုဆက်လို့တိုးမိတယ်
တစ်ချိန်မှာနှလုံးသားလေးသေဆုံးမယ်
ဒီလိုဦးနှောက်သတိပေးလည်း
တကယ်ကိုရူးမိုက်တဲ့အချစ်ကြောင့်ပဲ
ငါ့နှလုံးသားနိုင်သွားတယ်
ဘယ်အချိန်မင်းများထွက်ခွာသွားမယ်
မနက်မိုးလင်းတိုင်းရင်မောတယ်
အနာဂတ်နေ့တို့ကြောက်နေတယ်
ဒါငါ့ထိုက်ငါ့ကံပဲကွယ်
ဒါငါ့ဝဋ်ကြွေးတွေပဲကွယ်
ငါလေချစ်မိတဲ့အပြစ်များပဲ
မဖြစ်သင့်ဘူးဆိုတာကိုငါသိရက်နဲ့
ငါလေဇွတ်မှိတ်ပြီးစွန့်စားချင်မိ
ငါ့နှလုံးသားလေးကိုသနားတယ်
ငါ့ဦးနှောက်ကတားတယ်
လူတွေကန့်ကွက်နေလည်းပဲ
ရှေ့ကိုဆက်လို့တိုးမိတယ်
တစ်ချိန်မှာနှလုံးသားလေးသေဆုံးမယ်
ဒီလိုဦးနှောက်သတိပေးလည်း
တကယ်ကိုရူးမိုက်တဲ့အချစ်ကြောင့်ပဲ
ငါ့နှလုံးသားနိုင်သွားတယ်
အချစ်ဆိုတာက…
ဖြစ်သင့်မှချစ်ရမလား
အချစ်ဆိုတာက…
နှလုံးသားကဖြစ်လာတာ
အချစ်ဆိုတာက…
ဦးနှောက်နဲ့မသက်ဆိုင်ပါ
နောက်ဆုံးတော့ဗီလိန်ဦးနှောက်
အရှုံးပေးလို့လက်မှိုင်ချ
ငါသိပါတယ်
နင့်ကိုချစ်တာအန္တရာယ်သိပ်များတာ
တစ်နေ့ကျနင်က
ဟိုးအဝေးကြီးကိုထွက်သွားမှာ
ငါနင့်ကိုဘာလို့ဒီလောက်
ရူးသွပ်လဲအဖြေမရှိပါ
နင့်စိတ်ကြိုက်သာလုပ်
နင်မသတ်ခင်တည်းကသေပြီးသား
ငါ့နှလုံးသားလေးကိုသနားတယ်
ငါ့ဦးနှောက်ကတားတယ်
လူတွေကန့်ကွက်နေလည်းပဲ
ရှေ့ကိုဆက်လို့တိုးမိတယ်
တစ်ချိန်မှာနှလုံးသားလေးသေဆုံးမယ်
ဒီလိုဦးနှောက်သတိပေးလည်း
တကယ်ကိုရူးမိုက်တဲ့အချစ်ကြောင့်ပဲ
ငါ့နှလုံးသားနိုင်သွားတယ်
ငါ့နှလုံးသားလေးကိုသနားတယ်
ငါ့ဦးနှောက်ကတားတယ်
လူတွေကန့်ကွက်နေလည်းပဲ
ရှေ့ကိုဆက်လို့တိုးမိတယ်
တစ်ချိန်မှာနှလုံးသားလေးသေဆုံးမယ်
ဒီလိုဦးနှောက်သတိပေးလည်း
တကယ်ကိုရူးမိုက်တဲ့အချစ်ကြောင့်ပဲ
ငါ့နှလုံးသားနိုင်သွားတယ်
Random Song Lyrics :
- out of time - kalax lyrics
- frío espero - t&k lyrics
- broke - snaky lyrics
- nobody - azjah lyrics
- does she need me - pearl river lyrics
- sarang - guilhem lyrics
- samma jag - z.e lyrics
- way back to the start - mauricio buendía lyrics
- euphoria (dj swivel forever mix) - jung kook (bts) lyrics
- bacardí - cleyh lyrics