
ဆုံနိုင်ခွင့် - min thura aung sings alex cover songs feat. htun eaindra bo lyrics
နှစ်ကိုယ်တူဝေးတဲ့ အချိန်လေးများ
မဖြေနိုင်အလွမ်းများ ငြိတွယ်ဆဲ
သိပ်မြတ်နိုးတဲ့ နှောင်ကြိုးလေးအတွက်
ဖြေသိမ့်စရာလည်း မတွေ့နိုင်
နွံအိပ်မက်ထဲ ကျွံနေဆဲပဲ
အကြင်နာစိတ်အတွက် မျက်ရည်ဝဲ
နွေကန္တာခရီး ဘယ်အထိဆက်ပြီး
ကိုယ်သွားရမှာလဲ
ကျွမ်းလုပြီအသည်း
ဆုံနိုင်ခွင့်လေး တမ်းတမိတယ် ဘယ်တော့လဲ
ရင်မောစွာ အလွမ်းရက်ဆက်လို့ မဆုံးအောင်ဘဲ
ဆုံနိုင်ခွင့်လေး တမ်းတမိတယ် ဘယ်တော့လဲ
ရင်မောစွာ အလွမ်းရက်ဆက်လို့ မဆုံးအောင်ဘဲ
ဆန္ဒလေးသိမ်ငယ်
တို့ဆုတောင်းလေးများ
ဘယ်မှာပြည့်မလဲ
ရင်မောစွာ မင်းမေ့သွားမှာကို စိုးတယ်
(ကိုယ်တွေးကြည့်တယ်
လူနှစ်ယောက်ရဲ့ ရင်ထဲမှာ
အချစ်တွေရှိကြတယ်။
အဲဒီအချစ်တွေဟာ
သူတို့နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာမှာ
သော့ခတ်သိမ်းဆည်းရင်းနဲ့
မဖြစ်နိုင်သေးတဲ့အနာဂတ်တစ်ခုဆီကို
မျှော်လင့်တောင့်တပြီး
အသက်ဆက်ရှင်ကြတယ်
တစ်နေ့နေ့တော့ သူတို့အချစ်တွေ
ဆုံနိုင်ကောင်းပါတယ်။)
နှစ်ကိုယ်တူဝေးတဲ့အချိန်လေးများ
မဖြေနိုင်အလွမ်းများ ငြိတွယ်ဆဲ
သိပ်မြတ်နိုးတဲ့ နှောင်ကြိုးလေးအတွက်
ဖြေသိမ့်စရာလည်း မတွေ့နိုင်
နွံအိပ်မက်ထဲ ကျွံနေဆဲပဲ
အကြင်နာစိတ်အတွက် မျက်ရည်ဝဲ
နွေကန္တာခရီး ဘယ်အထိဆက်ပြီး
ကိုယ်သွားရမှာလဲ
ကျွမ်းလုပြီအသည်း
ဆုံနိုင်ခွင့်လေး တမ်းတမိတယ် ဘယ်တော့လဲ
ရင်မောစွာ အလွမ်းရက်ဆက်လို့ မဆုံးအောင်ဘဲ
ဆုံနိုင်ခွင့်လေး တမ်းတမိတယ် ဘယ်တော့လဲ
ရင်မောစွာ အလွမ်းရက်ဆက်လို့ မဆုံးအောင်ဘဲ
ဆန္ဒလေးသိမ်ငယ်
တို့ဆုတောင်းလေးများ
ဘယ်မှာပြည့်မလဲ
ရင်မောစွာ မင်းမေ့သွားမှာကို စိုးတယ်
နောက်ဆုံးမှာ မင်းမေ့သွားမှာကို စိုးတယ်
Random Song Lyrics :
- окей (okay) - 3eed lyrics
- sick society - no turning back lyrics
- are we all the same distance apart - crooks uk lyrics
- виноградный день (grape day) - pharaoh lyrics
- rant [odar mix] - gradient lyrics
- dämonen - raf camora lyrics
- get home (freestyle) - tyga lyrics
- l'histoire n'est jamais faite - freeman (france) lyrics
- pas2barrieres - jeff le nerf lyrics
- can't stop me (makavelian souljah force remix) - 2pac lyrics