eaint mat thae lon sa myar - moe moe (mur) lyrics
ငါမောပမ်းရင်းနဲ့ လမ်းလျှောက်နေဆဲ
လောကကြီးရဲ့ အိပ်မက်ဝင်္ကမ္ဘာထဲ
သွေးသားများထဲ ကိန်းအောင်းနေတဲ့
အရာတစ်ခုက ငါ့အတွက်လမ်းပြနေဆဲ
ဘယ်တုန်းက အစပြုခဲ့လဲမသိပါ
ဘယ်တော့မှအဆုံးသတ်မှာလဲတွေးမထား
မက်မောလွန်းလှတဲ့ အိပ်မက်ခြေရာများနောက်ငါ
လျှောက်လိုက်မိခဲ့ အကြောက်တရားကင်းစွာ
ကြယ်တွေဆီ ခရီးထွက်ခွာ
ကြယ်တွေလိုငါ လင်းလက်စွာ
ကြယ်တွေအလယ်မှာ မျောလွင့်သွား
ကမ္ဘာမြေဟာ ဟိုအဝေး…
အိပ်မက်သဲလွန်စများ စွန့်စားပြီး ရှာဖွေရင်း
ငါလဲကျချိန်တိုင်း ဘယ်သူခွန်အားများလာပေးမလဲ
အိပ်မက်သဲလွန်စများ လိုက်ဖမ်းလို့ရင်ခုန်ရင်း
ငါလဲကျချိန်တိုင်း ဘယ်သူပျော်ပြီးလက်ခုပ်တီးမလဲ

အိပ်မက်…
ကမ္ဘာမှာအိပ်မက်မမက်တဲ့လူသား ဘယ်သူရှိမလဲ
လူတွေအားလုံး အိပ်မက်တစ်ခုနဲ့ရှင်သန်ကြစမြဲ
ယုံကြည်ဝကွက် အပ်ပစ်ကြတဲ့
အိပ်မက်ကပေးတဲ့အမိန့်တိုင်း ရူးသွပ်စွာ
လှုပ်ရှားကြတယ်
ငါသည်လဲပဲ ရုပ်နဲ့ဝိညာဥ် ဒွန်တွဲထားတယ်
လိုချင်တပ်မက်မှုနဲ့ ဘဝကိုတည်ဆောက်ဆဲ
ငါယုံကြည်ဝကွက် အပ်ပစ်ထားတဲ့
အိပ်မက်ကပေးတဲ့အမိန့်တိုင်း ရူးသွပ်စွာ လှုပ်ရှားဦးမယ်
ကြယ်တွေဆီ ခရီးထွက်ခွာ
ကြယ်တွေလိုငါ လင်းလက်စွာ
ကြယ်တွေအလယ်မှာ မျောလွင့်သွား
ကမ္ဘာမြေဟာ ဟိုအဝေး…
အိပ်မက်သဲလွန်စများ စွန့်စားပြီး ရှာဖွေရင်း
ငါလဲကျချိန်တိုင်း ဘယ်သူခွန်အားများလာပေးမလဲ
အိပ်မက်သဲလွန်စများ လိုက်ဖမ်းလို့ရင်ခုန်ရင်း
ငါလဲကျချိန်တိုင်း ဘယ်သူပျော်ပြီးလက်ခုပ်တီးမလဲ
အိပ်မက်သဲလွန်စများ စွန့်စားပြီး ရှာဖွေရင်း
ငါလဲကျချိန်တိုင်း ဘယ်သူခွန်အားများလာပေးမလဲ
အိပ်မက်သဲလွန်စများ လိုက်ဖမ်းလို့ရင်ခုန်ရင်း
ငါလဲကျချိန်တိုင်း ဘယ်သူပျော်ပြီးလက်ခုပ်တီးမလဲ
အိပ်မက်သဲလွန်စများ
ကြယ်တွေဆီ ခရီးထွက်ခွာ
ကြယ်တွေလိုငါ လင်းလက်စွာ
ကြယ်တွေအလယ်မှာ မျောလွင့်သွား
ကမ္ဘာမြေဟာ ဟိုအဝေး…
အိပ်မက်သဲလွန်စများ
အိပ်မက်သဲလွန်စများစွန့်စားပြီး ရှာဖွေရင်း
ငါလဲကျချိန်တိုင်း ဘယ်သူခွန်အားများလာပေးမလဲ
အိပ်မက်သဲလွန်စများ လိုက်ဖမ်းလို့ရင်ခုန်ရင်း
ငါလဲကျချိန်တိုင်း ဘယ်သူပျော်ပြီးလက်ခုပ်တီးမလဲ
အိပ်မက်သဲလွန်စများ စွန့်စားပြီး ရှာဖွေရင်း
ငါလဲကျချိန်တိုင်း ဘယ်သူခွန်အားများလာပေးမလဲ
အိပ်မက်သဲလွန်စများ လိုက်ဖမ်းလို့ရင်ခုန်ရင်း
ငါလဲကျချိန်တိုင်း ဘယ်သူပျော်ပြီးလက်ခုပ်တီးမလဲ
Random Song Lyrics :
- what's happening to my boy? - kate baldwin lyrics
- welcome - hunty hump lyrics
- daily planet - jehst lyrics
- i want another try - marine lyrics
- see saw sow - helvetia lyrics
- allen iverson (a.i) - mach-hommy lyrics
- together again - nyk verse lyrics
- m'a dit - 3eb, simna-s lyrics
- muaziz saarif - faris shafi & meesha shafi lyrics
- hielo / fuego - paranoid 1966 lyrics