
နေရာ ၂ (nay-yar-2) - ဗဒင် (ba-din) lyrics
ရောက်လာချိန်မှာတော့ အဆင်သင့်ဖြစ်အောင်
အမြဲတမ်းပဲ ရှင်းလင်းထားပါတယ်
ဝေးနေပါသော်လည်း မျှော်လင့်ဆဲပါ
ပြက္ခဒိန်စာရွက်များ တစ်ရွက်စီလွန်ပေမယ့်
မင်းအတွက်ရင်မှာ တစ်နေရာစာကိုယ်ဦးထားတယ်
အချစ်ရေ
အလွမ်းတွေမြုံနေတဲ့ စိတ်ကူးများ
ညညကျ အိပ်မက်ဖြစ်လာတော့
လှိုက်ဖိုရင်ခုန်ခြင်း မနက်ခင်းတိုင်း
အနမ်းတွေဝေဆာတဲ့
အတိတ်မှာနေထိုင်ရင်း မင်းအတွက်ရင်မှာ
တစ်နေရာစာ ကိုယ်သိမ်းထားတယ်
အချစ်ရေ
နေမယ်မနေဘူးကတော့ မင်းရဲ့သဘောပါ
သေချာတဲ့နေရာက ရှိခဲ့ပြီ
မရေရာတဲ့အကြောင်းတရားတို့ဖိစီးသည့်တိုင်
သေချာတဲ့ ဒီနေ့ထိထက်တိုင်
ဖန်တီးလို့မရတဲ့နေရာကို
ဖျက်ဆီးလို့မရတဲ့နေရာကို
ငါသိမ်းထားခဲ့တာကြာပါပြီ
ဦးထားခဲ့တာကြာပါပြီ
စောင့်စားခဲ့တဲ့အချိန်တွေဟာလည်း
သိပ်ကြာပြီ
အချစ်ဆိုတာဟာလည်း ခက်သားလားကွယ်
ရှင်းပြတိုင်းမရတဲ့ပုစ္ဆာလို
ပေးနေပါသော်လည်း မရဘူးလို့ထင်
လွမ်းနေပေမယ့်လည်း မေ့ပြီထင်သူရယ်
မင်းအတွက်ရင်မှာ တစ်နေရာစာချန်ထားဆဲပါ
အချစ်ရေ
နေမယ်မနေဘူးကတော့ မင်းရဲ့သဘောပါ
သေချာတဲ့နေရာက ရှိခဲ့ပြီ
မရေရာတဲ့အကြောင်းတရားတို့ဖိစီးသည့်တိုင်
သေချာတဲ့ ဒီနေ့ထိထက်တိုင်
ဖန်တီးလို့မရတဲ့နေရာကို
ဖျက်ဆီးလို့မရတဲ့နေရာကို
ငါသိမ်းထားခဲ့တာကြာပါပြီ
ဦးထားခဲ့တာကြာပါပြီ
စောင့်စားခဲ့တဲ့အချိန်တွေဟာလည်း
သိပ်ကြာပြီ
ငါသိမ်းထားခဲ့တာကြာပါပြီ
ဦးထားခဲ့တာကြာပါပြီ
စောင့်စားခဲ့တဲ့အချိန်တွေဟာလည်း
သိပ် ကြာပြီ
Random Song Lyrics :
- l'assassin sommeille - plume latraverse lyrics
- angst und schrecken in st. georg - balkano s. lyrics
- vím, kam mám jít - mňága & žďorp lyrics
- hevən - henrī & aj farley lyrics
- vbt 2015 qualifikation - d.r.o. lyrics
- a message - dr@k01387 lyrics
- beautiful lie (remix) - ryan leslie lyrics
- creation - two-9 lyrics
- i'm sorry mom - lamar shuler lyrics
- hotbox - 645ar lyrics