
ဝါဆို (wah so) - မိုးသက်တင် (moe thet tin) lyrics
မိုးအုံ့လို့ သစ်ရွက်လေးတွေငြိမ်နေရင်
တိမ်တွေပြိုတော့မှာ ကြိုသိတယ်
ဝါဆိုရယ်သိပ်သတိရမိတယ်
ပုန်းညက်တို့ရောက်ရှိကြောင်းကိုကြေငြာကာ
ငွေမှုန်ငွေစတွေရွာတော့ကွယ်
ဝါဆိုရယ်သိပ်သတိရမိတယ် တကယ်ပဲကွယ်
ပြတင်းပေါက်ကလှမ်းကြည့်လိုက်ရင် ခရေပင်မှာ
ရေစိုလို့မိုးခိုနေကြတဲ့
ပျံနေစဉ် မိုးမိတဲ့ငှက်တွေ
ဒို့နှစ်ယောက်စကားပြောခဲ့ကြတဲ့ခရေပင်ခြေ
မြေနီရောင်လမ်းကို ရောက်တိုင်းလေ
ဝါဆိုရယ်သိပ်သတိရမိတယ်
တိုင်းရှစ်ခွင်မှိုင်းညှို့ဆိုင်းကာ
မှောင်ရီချယ် မိုးခြိမ်းသံသဲ့သဲ့
ကြားတယ်ဝါဆိုရယ်
မိုးကအရင်တုန်းကအတိုင်း
ရွာနေပြီကွယ် လွမ်းတယ်ဝါဆိုရယ်
မိန်းကလေးရေ မိုးစက်ကလေးတွေငိုနေတယ်
ဒို့မျက်နှာမိုးစက်ကလေးတွေလာစင်တယ်
ဒို့အဖြစ်ကိုပြောပြပေးပါ ဝါဆိုမိုးရယ်
မိုးတွေရွာနေပြီကွယ်
တံစက်မြိတ်ကသစ်ခွပန်းတွေဝေနေချိန်/ရင်
ပန်ဆင်ခဲ့ဖူးသူကို လွမ်း တယ်
ဝါဆိုရယ်သိပ်သတိရမိတယ်
မိုးစက် မိုးပေါက်တို့ကျကာရွာနေချိန်
ငွေစံပယ်ရုံနံဘေးမှာရပ်ရင်းကွယ်
ဝါဆိုရယ်သိပ်သတိရမိတယ် တကယ်ပဲကွယ်
ပြတင်းပေါက်ကလှမ်းကြည့်လိုက်ရင် ခရေပင်မှာ
ရေစိုလို့မိုးခိုနေကြတဲ့
ပျံနေစဉ် မိုး မိ တဲ့ ငှက်တွေ
ဒို့နှစ်ယောက်စကားပြောခဲ့ကြတဲ့ခရေပင်ခြေ
မြေနီရောင်လမ်းကိုရောက်တိုင်းလေ
ဝါဆိုရယ်သိပ်သတိရမိတယ်
တိုင်းရှစ်ခွင်မှိုင်းညှို့ဆိုင်းကာ မှောင်ရီချယ်
မိုးခြိမ်းသံ သဲ့သဲ့ကြားတယ်ဝါဆိုရယ်
မိုးကအရင်တုန်းကအတိုင်း
ရွာနေပြီကွယ်
လွမ်းတယ်ဝါဆိုရယ်
မိန်းကလေးရေ မိုးစက်ကလေးတွေငိုနေတယ်
ဒို့မျက်နှာမိုးစက်ကလေးတွေလာစင်တယ်
ဒို့အဖြစ်ကိုပြောပြလိုက်ပါ ဝါဆိုရယ်
မိုးတွေရွာနေပြီကွယ်
တိုင်းရှစ်ခွင်မှိုင်းညှို့ဆိုင်းကာ
မှောင်ရီချယ် မိုးခြိမ်းသံသဲ့သဲ့
ကြားတယ်ဝါဆိုရယ်
မိုးကအရင်တုန်းကအတိုင်း
ရွာနေပြီကွယ် လွမ်းတယ်ဝါဆိုရယ်
မိန်းကလေးရေ မိုးစက်ကလေးတွေငိုနေတယ်
ဒို့မျက်နှာမိုးစက်ကလေးတွေလာစင်တယ်
ဒို့အဖြစ်ကိုပြောပြလိုက်တော့ဝါဆိုရယ်
မိုးတွေရွာနေပြီကွယ်
Random Song Lyrics :
- tudo diferente - célia sakamoto lyrics
- não adianta cercar - moleque do banjo lyrics
- alguém precisa da tua luz - hinos sud lyrics
- de louco todo mundo tem um pouco - só pra contrariar lyrics
- tem que ser voce - célia sakamoto lyrics
- ogum (part. zeca pagodinho) - jorge ben jor lyrics
- tributo à enfermagem - bel meirelles lyrics
- minha metade - gerson rufino lyrics
- pio pelicano - fábio vieira lyrics
- paixão machucada - banda calypso lyrics