
future - pya lyrics
[rap 1]
ပုန်းမှန်ရေးအရ
လူတွေကိုယ်စီ လှုပ်ရှား ရုန်ကန်ပြေးလွှား
နေတဲ့ကြားထဲမှာ ငါက ဒုံးပျံအသေးစား
ကိုယ့်ဘဝကို ဆေးခြယ်ပြဖို့ စုတ်တံလေးရှာ
ရုပ်ခံလေးပြပြီး ဘယ်တော့မှ သီချင်းတွေကိုငါ
လုပ်ကြံ မရေးသား
နောက်တက်တွေဆို ဂျင်းထည့်ပြီး ယုတ်ညံ့နေကြတဲ့
အဲ့လို senior တွေ အနားမကပ်နဲ့
အပုပ်နံ့တွေ ရတယ်
ကတုံးပေါ် ထိပ်လိုက်ကွပ်တာ သူတို့တွေအလုပ်
မြေခွေးလိုကောက်ကျစ်ပြီး အပေါ်ယံ သိုးရည်အုပ်
လမ်းပေါ်က ဆိုးပေးမဟုတ်လည်း
ကြည့်မရပဲ အမျိုးတွေမုန်းတယ်
မိုးတွေချုပ်တဲ့ အချိန်ထိ တစ်ကောင်ထဲ ဒိုးနေဦးမယ်
ဘဝမှာ သီချင်းတွေကသာ ငါ့အတွက် သောက်ရန်အားဆေး
တစ်ချို့က ထောက်ခံအားပေးတယ် သို့သော်
စောက်ဆံ တစ်ပြားမပေး
မိဘ ဆွေမျိုး ပတ်ဝန်းကျင်နဲ့ ထောင့်မှန်မကျပေ
ငါ့ရဲ့မျှော်လင့်ချက် ပန်းတိုင်က ရောက်ရန်တအားဝေး
လျှောက်ရန်တံတားလေးနဲ့ အဲ့မှာ
ချောက်အမှန်ခြားနေ နောက်ပြန်မကျသ၍တော့
ခြေထောက်ထံအားဖြည့်ကာ တောင့်ခံထားပေး
[chorus]
ညနက် သန်ခေါင်ထိ သီချင်းရေးတာ
ဘာအတွက်လဲ
မုန်းဖိုးတွေစုပြီး studio သွားတာ
ဘာအတွက်လဲ
ထမင်းငတ်ခံပြီး သီချင်းသွင်းတာ
ဘာအတွက်လဲ
ဘယ်အရာက ငါ့ဘဝရဲ့ အနာဂတ်လဲ
ဘယ်အရာက မင့်ဘဝအတွက် အနာဂတ်လဲ
ဘယ်အရာက ငါတို့ရဲ့ အနာဂတ်လဲ
ဘယ်အရာက မင့်တို့ရဲ့ အနာဂတ်လဲ
အနာဂတ်လဲ
[rap 2]
သီချင်းလုပ်တာ ဘာအတွက်လဲလို့
မေးလာရင် ငါရှက်တယ်
a4 စာတစ်ရွှက်နဲ့ ဘောပင်ပြာတစ်လတ်က
ပြီးပြည့်စုံတဲ့ အနာဂတ်ပဲလို့ ငါမှတ်ခဲ့
သေချာပြန် သုံးသပ်ကြည့်တော့
ခေါင်းတွေပါ ချာလပတ်လည်
ဝါသနာကို ရူးသွပ်လို့မရတော့
ဝမ်းစာကို ဦးညွှတ်လို့ထား
အိမ်မက်တွေ ကျူးဖြစ်လို့သွားတော့
ခင်များတို့ပဲ ခူးဆွတ်လို့စား
ဘယ်သူ့အပြစ်ဖို့ ရမှန်းမသိ
artist က နွားဖြစ်တာပဲ lyric ရှာမယ်
ညက နေ့ နေ့က ညဖြစ်လာမယ်
ဝင်ငွေ ပုံမှန်မရှိတော့ မိဘက တားမြစ်လာတယ်
ဂီတက ဘဝမဖြစ်လာတာ ကျုပ်အတွက်တော့
တအားနစ်နာတယ်
ဂုဏ်တွေ ပကာဿနတွေကတော့
ပုံသေကွာခြားမနေပါ
မှုံရွှေနံသာ အလှတွေပြပြီး ဖုန်တွေလာထနေကြတဲ့
မိုးခါးရေသောက်တဲ့ လူတွေခြားထဲ
ထုံနေတာ ငါ အ နေတာ
ကာရန်နဘေတွေသာ ငါရဲ့ ငုံနေကျ အခါးရေများ
ကမ္ဘာ သံစဉ်စည်းချက်တွေ အကုန်သေကာ
သွားလေရာ
ဘယ်တော့မှ ဂီတနဲ့ မထိတွေ့မိချင် ကြုံလေရာ ဘဝတွေမှာ
[chorus]
ညနက် သန်ခေါင်ထိ သီချင်းရေးတာ
ဘာအတွက်လဲ
မုန်းဖိုးတွေစုပြီး studio သွားတာ
ဘာအတွက်လဲ
ထမင်းငတ်ခံပြီး သီချင်းသွင်းတာ
ဘာအတွက်လဲ
ဘယ်အရာက ငါ့ဘဝရဲ့ အနာဂတ်လဲ
ဘယ်အရာက မင့်ဘဝအတွက် အနာဂတ်လဲ
ဘယ်အရာက ငါတို့ရဲ့ အနာဂတ်လဲ
ဘယ်အရာက မင့်တို့ရဲ့ အနာဂတ်လဲ
အနာဂတ်လဲ
[outro]
ဘယ်အရာက အနာဂတ်လဲ
တိုက်တွေကားတွေလား
စိန်တွေ ရွှေတွေလား
သံစဉ် စည်းချက်တွေလား
ကာရန်နဘေတွေလား
ဒါမှမဟုတ် microphoneလား
လက်ခုတ်သံလား ဘယ်အရာက အနာဂတ်လဲ
Random Song Lyrics :
- raise your hand - herman frank lyrics
- the effect - emmtee lyrics
- ritual - delerium lyrics
- la visa la euro - rabah donquishoot (رابح) lyrics
- irrenanstalt - rio reiser lyrics
- fênix - dexter 8° anjo lyrics
- wirito - 6 voltios lyrics
- no mientas más - olga tañón lyrics
- mr. greg - tom scharpling, zach callison, deedee magno hall & eric bauza lyrics
- brothers - prince of spain lyrics