
alwan pyay (အလွမ်းပြေ) - raywai lyrics
ဟိုအတိတ်နေ့စွဲများ
ညှင်းလေပြေတိုးဝှေ့နေ
ငါတို့အတိတ်ပုံရိပ်
မြူနှင်းတွေရဲ့ ကြား
မင်းရယ်သံသဲ့သဲ့ပျံလွင့်
အိပ်မက်မဆန်သောလမ်း
ဘဝကိုစီကုံးဖို့ငါ လျှောက်ခဲ့လေပြီ
အဆွေးပန်းချီကားများ
အတွေးနံရံများထက်ပြန်ကြဲ
တစ္ဆေတစ်ကောင်အပြုံးလိုက်
ကောက်သလို အဆုံးမဲ့
ဘဝလွင်ပြင်ကျယ်ကြီးထဲ
တောင်ပေါ်လမ်းလေးကြားမှာ
မင်းပြောဖူးတဲ့ အိမ်ငယ်လေးအတွက်
အလင်းမဆန်သောဘ၀
အသိအိမ်မြှောင်အမှားနဲ့ငါ
ခရီးဆက်နေသလား
ခေါင်းစဉ်လည်းမရှိ
အများသူငါမသိတဲ့ အိမ်မက်ရှည်
ဒါ အလွမ်းပြေ
ဆိုညည်းတဲ့သီချင်းတစ်ပုဒ်
အိုအလွမ်းပြေ
အကြေအကွဲများနှစ်သိမ့်
ဒါ အလွမ်းပြေ
မင်းအတွက်ငါအလွမ်းသက်ဝင်ခြင်းလေး
ဒါ အလွမ်းပြေ
ဟိုအဝေးရဲ့ကမ်းတစ်ဖက်မှာ
အလွမ်းကလေးဖြေ
တစ်စုံတရာမရှိတော့ရင်ထဲ
တိတ်ဆိတ်သလိုခဏတဖြုတ်
ဒီအလွမ်းလေး
အလင်းမဆန်သောဘ၀
အသိအိမ်မြှောင်အမှားနဲ့ငါ
ခရီးဆက်နေသလား
ခေါင်းစဉ်လည်းမရှိ
အများသူငါမသိတဲ့အိမ်မက်ရှည်
တစ်ခါတစ်လေ မင်းရဲ့
ပါးပြင်မွှေးရနံ့လေးတွေ လိုချင်မိလည်း
ဒီလိုဝေးတဲ့ခဏမှာ
စိတ်တို့ချုပ်နှောင်ရင်း
ဒါ အလွမ်းပြေ
ဆိုညည်းတဲ့သီချင်းတစ်ပုဒ်
အိုအလွမ်းပြေ
အကြေအကွဲများနှစ်သိမ့်
ဒါ အလွမ်းပြေ
မင်းအတွက်ငါအလွမ်းသက်ဝင်ခြင်းလေး
ဒါ အလွမ်းပြေ
ဟိုအဝေးရဲ့ကမ်းတစ်ဖက်မှာ
အလွမ်းကလေးဖြေ
တစ်စုံတရာမရှိတော့ရင်ထဲ
တိတ်ဆိတ်သလိုခဏတဖြုတ်
ဒီအလွမ်းလေး
အိပ်မက်တွေထဲ
မင်းပါးပြင်လေး
တရှိုက်မက်မက်အနမ်း ငါလေဆွေး
ဟိုအတိတ်နေ့စွဲများ
ညှင်းလေပြေတိုးဝှေ့နေ
ငါတို့အတိတ်ပုံရိပ်
မြူနှင်းတွေရဲ့ ကြား
မင်းရယ်သံသဲ့သဲ့ပျံလွင့်
Random Song Lyrics :
- stupid - eightytwo lyrics
- anna - fabio valenzano lyrics
- gak - gl0wrm lyrics
- a minor incision - the awakening lyrics
- milly - petrov lyrics
- easy 2 say - big xshon, yung dul (eng) lyrics
- dey wanna fall me down - young a b i lyrics
- örpəyini bağla - aygün bəylər lyrics
- keep going - kalan.frfr lyrics
- kaunis juna - metsäheikki lyrics