
ကြိုဆိုပါ၏ - wai la lyrics
နင် မလာချင် ခဲ့
လမ်းခင်းလို့ ပေးကားထားလဲ အနားမှာမရှိ
ရှောင် ဖယ်ကာ သွားတယ်
လူဆိုးများတဲ့ အရပ်လို မင်းကသတ်မှတ်ပြီး
အချိန်တန်တော့ ပြန်ချစ်လိမ့်မယ့်
မျှော်လင့်ခဲ့လဲ
မင်းကိုကြိုမယ့် ပန်းပွင့်တို့တောင်
ခြောက်တော့မယ်
ဘာအတွက်ကြောင့် နင်ဟာ ဒီနေ့ထိ
ရောက်မလာ ခဲ့သလဲ
တစိမ်းဆန်နေ မူများ နည်းနည်းလျော့လိုက်ပါ
ငါပိုင်ထားတဲ့ ဘဝက
မင်းတစ်ယောက်ထဲအတွက် ရည်စူးခဲ့တာပါ
နင်မောပန်းချိန် ခိုနားဖို့ နင်လှမ်းခဲ့
လာပါ ထိုင်ပြီးနားလှည့်ပါ တဒင်္ဂ
အသီးအနှံတွေ စိုက်ပျိုးထားတဲ့ ငါ့အရပ်မှာ
ငါကိုယ်တိုင် ချွေးနဲ့ရင်းပြီး
မင်းစားသုံးဖို့ စိုက်ပျိုးခဲ့တာပါ
ဒါကို တဖြည်းဖြည်းတွေးလို့
နင်ချစ်တတ်သွားမှာပါ
ဆူညံသံတွေ ချန်ခဲ့ပြီး
မင်းလျှောက်ခဲ့ဖို့
ဖိနပ်လေးလည်း ပေးချင်မိ
ငါနာကျင်နေခဲ့တယ်
ထုံဆေးမပေးပဲ အမုန်းတွေ အဝေးက ပစ်နေခဲ့
ခြင်ကိုက်ရင် ရိုက်ဖို့တောင်
နင်သနားသော်လည်း
ငါ့ရင်ကိုတော့ စုတ်ပြတ်သွားအောင်
လုပ်တတ်တယ်
ဘာအတွက်ကြောင့် နင်ဟာ ဒီနေ့ထိ
ရောက်မလာ ခဲ့သလဲ
တစိမ်းဆန်နေ မူများ နည်းနည်းလျော့လိုက်ပါ
ငါပိုင်ထားတဲ့ ဘဝက
မင်းတစ်ယောက်ထဲအတွက် ရည်စူးခဲ့တာပါ
နင်မောပန်းချိန် ခိုနားဖို့ နင်လှမ်းခဲ့
လာပါ ထိုင်ပြီးနားလှည့်ပါ တဒင်္ဂ
အသီးအနှံတွေ စိုက်ပျိုးထားတဲ့ ငါ့အရပ်မှာ
ငါကိုယ်တိုင် ချွေးနဲ့ရင်းပြီး
မင်းစားသုံးဖို့ စိုက်ပျိုးခဲ့တာပါ
ဒါကို တဖြည်းဖြည်းတွေးလို့
နင်ချစ်တတ်သွားမှာပါ
ဒီကမ္ဘာမှာ ငါရင်ခုန်မိတာ
နင်ပဲ ရှိနေလို့
နှလုံးသားရဲ့ တည့်တည့်ဝယ်
မင်းတစ်ယောက်အတွက် ရေးတဲ့
ကြို ဆို ပါ ၏
ဆိုင်းဘုတ်လေးနဲ့
ဟေးးးမျှော်နေတယ် ဒီနေ့ထိ
ရောက်မလာနိုင်ခဲ့
လွမ်းနေတာကို နည်းနည်းတော့ သတိပြုပါ
ငါပိုင်ထားတဲ့ ဘဝက
မင်းတစ်ယောက်ထဲအတွက် ရည်စူးခဲ့တာပါ
နင်မောပန်းချိန် ခိုနားဖို့
နင်လှမ်းခဲ့
လာပါ ထိုင်ပြီးနားလှည့်ပါ တဒင်္ဂ
အသီးအနှံတွေ စိုက်ပျိုးထားတဲ့ ငါ့အရပ်မှာ
ငါကိုယ်တိုင် ချွေးနဲ့ရင်းပြီး
မင်းစားသုံးဖို့ စိုက်ပျိုးခဲ့တာပါ
ဒါကို တဖြည်းဖြည်းတွေးလို့
နင်ချစ်တတ်သွားမှာပါ
Random Song Lyrics :
- how could you - jehnny beth lyrics
- further (reprise) - mcqueen lyrics
- respect - mey lyrics
- for you the war is over - tom robinson & jakko jakszyk lyrics
- waanzin - vuurland lyrics
- rosetta stone - anine lyrics
- meet me halfway - zoan lyrics
- eu avisei - bws (cdb music) lyrics
- more than words - nashville life music lyrics
- tanto encanto - diego viana lyrics