
kaw pat yote - yair yint aung lyrics
မင်းအပြုံးတွေအောက်မှာ
အသက်မဲ့ဖူးတဲ့ အရူးတစ်ယောက်ပါ
ကော်ပတ်ရုပ်လေးရယ်နားထောင်ပေးပါ
စကားတွေပြောချင်လို့
မင်းအကြောင်းတွေသိအောင်ငါကြိုးစားခဲ့
( မင်းကတော့သိမှာမဟုတ်ဖူး )
ရလဒ်ကတော့ အနှုတ်လက္ခဏာ
ကြားခဲ့ဖူးတဲ့သီချင်းလေးအတိုင်းပါပဲ
ကျနော်ချစ်နေတဲ့သူမမှာ
ချစ်သူရှိနေခဲ့တယ်
ရာသီဥတုကတော့ကျုပ်ဘက်မပါ
နွေခေါင်ခေါင်ကြီး မိုးတွေသည်း
နင်ဟာနာဂစ်လိုမုန်တိုင်းတွေဖန်တီးကာ
ငါအသည်းကိုအမြစ်ကဆွဲနှုတ်ခဲ့ ဪ
ကြံကြံဖန်ဖန်ကွာ အူကြောင်ကြောင်
ကလေးလေးကိုမှ ငါချစ်မိသွားခဲ့တာ
အပြစ်လား ဝဠ်ကြွေးရှိလို့လား
ဗေဒင်ယတြာတွေ မကယ်နိုင်အောင်
ကံခေလွန်းတဲ့လူသား
စွဲလန်းခဲ့ရတဲ့ အရုပ်လေးရေ
သိမ်းထားခွင့်မရှိပေမယ့် ချစ်နေတုန်းပဲ
မင်းကတော့ မသိနိုင်ခဲ့ ငါ့ရဲ့ငါ့ရဲ့
၂ယောက်တွဲဓာတ်ပုံများ
မင်းရဲ့ facebook မှာတွေ့တယ်
ငါ ငရဲကြီးနေမလား ရည်းစားသိလည်း
ခိုးပြီးချစ်နေမိခဲ့ ထမင်းစားပြီးပြီလား
message ပို့မလို့ စာစီရင်းနဲ့
အချိန်ကုန်သွားတယ်လက်တွေ့မဟုတ်
အသည်းကွဲတဲ့သီချင်းတွေများစွာကြား
ငါ လက်ပစ်ကူးနေရ စိတ်ရှုပ်လို့
ရုပ်ရှင်ကြည့်ခါမှ “ဖြုတ်”ဆိုမီးပျက်သွား
တစ်ချိန်ချိန် နင်ငါ့ကိုပြန်ချစ်မှာ
ငါသိတယ် ညတိုင်းငါဘုရားမှာ
ဆုတောင်းတာပဲ အတူရှိမယ့်
ဘဝလေးကို စိတ်ကူးယဉ်နေတုန်းမှာ
အိပ်မက်က လန့်နိုးသွားခဲ့ ဪ
ကြံကြံဖန်ဖန်ကွာ အူကြောင်ကြောင်
ကလေးလေးကိုမှ ငါချစ်မိသွားခဲ့တာ
အပြစ်လား ဝဠ်ကြွေးရှိလို့လား
ဗေဒင်ယတြာတွေ မကယ်နိုင်အောင်
ကံခေလွန်းတဲ့လူသား
စွဲလန်းခဲ့ရတဲ့ အရုပ်လေးရေ
သိမ်းထားခွင့်မရှိပေမယ့်ချစ်နေတုန်းပဲ
မင်းကတော့ မသိနိုင်ခဲ့
i’ll be waitin’ on ya
i’ll be waitin’ on ya girl
i’ll be waitin’ on ya
i’ll be waitin’ on ya x 4
ငါခပ်လှမ်းလှမ်းကကြည့်နေခဲ့
ခပ်ပါးပါးလေး သတိရတယ်
ခပ်ဝေးဝေးက ချစ်နေရုံပဲ
ခပ်တိုးတိုးလေးလွမ်းရတယ်
baby အဲလောက်ပါပဲ
Random Song Lyrics :
- я съел деда (i ate old man) - глад валакас (glad valakas) lyrics
- a human artefact - forward to eden lyrics
- do what you want - ricky hil lyrics
- what is going on? - endigo lyrics
- i wish you could see in my head - sanjy wanjy lyrics
- safari - michael jacques parker lyrics
- orjuselaul - karel rebane lyrics
- the unholy see - cannibal accident lyrics
- ocaso - jemr lyrics
- adapt to me - kanchi x robinson lyrics