
yangon without you - zen on xans lyrics
[intro: zen on xans]
အရာရာ သေဆုံးသွား
ခံနိုင်ရည်လည်း မရှိပါ
အတွေးတွေ ချုပ်ထိန်းမရ
စိတ်ဓာတ်တွေလည်း ထိုးကျ
ဒဏ်ရာတွေပေးပြီး မင်းထွက်ပြေး
yangon မြိုရဲ့ ဟိုးအဝေး
ငါအဆင်ပြေရဲ့လား နင်က
တစ်ချက်တောင် လှည့်မမေး
[verse 1: ayz]
ကိုယ့်အနေနဲ့ ခက်ခဲတဲ့ အချိန်ကို ရင်ဆိုင်ရတဲ့ အချိုးအကွေ့ထဲ
မျောလွင့်ခြင်းများနဲ့ လမ်းမများထက် ဒိုးနေဆဲ
အချစ်ကိုစားသော ကိန်းဂဏန်းများ အသဲကိုခွဲတာ အညှိုးတွေနဲ့
အပြာရောင်ကောင်းကင် တိမ်တွေငိုချိန်ရန်ကုန်မြို့မှာ မိုးတွေသဲ
စီးကရက်ရဲ့ အငွေ့လို လွင့်ပျံသွားတဲ့ စွဲလမ်းစိတ်ရဲ့ အခိုးငွေ့ထဲ
အတွေးတိမ်စိုင်တွေမှာ အမြဲတမ်း မင်းပုံရိပ်တွေ တိုးဝှေ့ဆဲ
မင်းလဲ ကိုယ့်ကိုသတိရနေတာသိတယ် သို့ပေမယ့်
နှစ်ယောက်တူ မက်ခဲ့ဖူးတဲ့ အိမ်မက်တွေ့တော့ တစ်စစီ ကျိုးကျေခဲ့
မင်းမရှိတဲ့ ရုန်းကန်မှုတွေ အဆင်ပြေလားလို့ မမေးလဲရတယ်
ကမ္ဘာတစ်ခြမ်းစီ ဝေးသွားခဲ့တော့ နေ့နဲ့ညလွဲ
အတိတ်ကရှိခဲ့ဖူးတဲ့ အချိန်တွေ ခဏာတာ မေ့ဖျက်ထားလဲ
မင်းနဲ့ပက်သတ်ဖူးတဲ့ သူတွေထက်တော့ အချစ်ကို အလေးအနက်ထားတယ်
တစ်ခါမှ မမျှော်လင့်ထားတဲ့ အကျဉ်းတန် ရန်ကုန်မြို့ရဲ့ နေ့ရက်များထဲ
ခံစားမှုတွေတိုင်းကို သံစဉ်များနဲ့ တွေးမှတ်ထားလဲ
လက်ပြနှုတ်ဆက် အဝေးကို ပြေးထွက်သွားတဲ့ မင်းကြောင့်
ကိုယ့်ရဲ့ ရင်ခုန်သံတွေ အေးစက်သွားခဲ့
[chorus : zen on xans]
အရာရာ သေဆုံးသွား
ခံနိုင်ရည်လည်း မရှိပါ
အတွေးတွေ ချုပ်ထိန်းမရ
စိတ်ဓာတ်တွေလည်း ထိုးကျ
ဒဏ်ရာတွေပေးပြီး မင်းထွက်ပြေး
yangon မြိုရဲ့ ဟိုးအဝေး
ငါအဆင်ပြေရဲ့လား နင်က
တစ်ချက်တောင် လှည့်မမေး
i’ll be okay
[verse 2: ayz]
ဒီမှာ မင်းနဲ့နီးဖို့ မေးခွန်းများစွာကို အဖြေရှာနေလဲ
ချစ်တယ်ပြောပီး ဝေးသွားခဲ့တာ ပထမဆုံးမဟုတ်တာ သေချာနေခဲ့
*n*log dimension ထဲ ခံစားမှုကို layer တွေခွဲ
ကမ္ဘာမြေရှေ့နဲ့အနောက်ခြမ်းမှာ ငါတို့နှစ်ယောက်ရဲ့ ခြေရာတွေကွဲ
အကန့်အသတ်များစွာ တားစီးထားတယ်တံတိုင်းများလို
ဒီရင်မှာ ပူလောင်နေချိန် ကောင်းကင် အရောင်တွေမှိုင်းသွားသလို
ပြဿနာတွေများကြား ညှိလို့မရတဲ့ အပိုင်းအစအချို့
sorry ပါ မိုက်မဲတဲ့ အပြုအမူများနဲ့ရိုင်းသွားလို့
နာကျင်နေရင် အဝေးကို မင်းထွက်ပြေးလို့ ရပါတယ်
အတိတ်က ရှိခဲ့ဖူးတဲ့ trauma တွေနဲ့ ဖျားနာခဲ့
တည်ဆောက်လိုက် ပြိုလဲသွားလိုက်နဲ့ အရာရာ ခဏတာပဲ
ဘဝမှာလွဲသမျှ သည်းခံပေးတဲ့ မင်းကိုလဲငါ အားနာတယ်
စိတ်ကူးနဲ့ လက်တွေ့က မတူညီ ဖြစ်သမျှ ပြောင်းပြန်ပဲ
အချစ်နဲ့ ရာသီဥတုက ယုံကြည်လို့မရအောင် ဖောက်ပြန်ခဲ့
အထီးကျန်ညတွေ မင်းရဲ့ဘေးမှာ မရှိနေပေးလို့ တောင်းပန်တယ်
ဖြစ်နိုင်ရင် time machine နဲ့ အချိန်တွေအားလုံးနောက်ပြန်လှည့်
[chorus : zen on xans]
အရာရာ သေဆုံးသွား
ခံနိုင်ရည်လည်း မရှိပါ
အတွေးတွေ ချုပ်ထိန်းမရ
စိတ်ဓာတ်တွေလည်း ထိုးကျ
ဒဏ်ရာတွေပေးပြီး မင်းထွက်ပြေး
yangon မြိုရဲ့ ဟိုးအဝေး
ငါအဆင်ပြေရဲ့လား နင်က
တစ်ချက်တောင် လှည့်မမေး
i’ll be okay
[bridge : zen on xans]
i’ll be okay
will i be okay ?
ဒီမိုးနဲ့ဆွေး
အချိန်တွေကလည်း ကုစားမပေးပါ
နာချင်ခြင်းများ ငါ့အနားဘေးမှာ
အဆင်မပြေခြင်းတွေနဲ့ နေသားကျမနေလို
[chorus : zen on xans]
အရာရာ သေဆုံးသွား
ခံနိုင်ရည်လည်း မရှိပါ
အတွေးတွေ ချုပ်ထိန်းမရ
စိတ်ဓာတ်တွေလည်း ထိုးကျ
ဒဏ်ရာတွေပေးပြီး မင်းထွက်ပြေး
yangon မြိုရဲ့ ဟိုးအဝေး
ငါအဆင်ပြေရဲ့လား နင်က
တစ်ချက်တောင် လှည့်မမေး
i’ll be okay
Random Song Lyrics :
- do we have limits? - vimto(tayfan) lyrics
- desesperado - los extraños lyrics
- hoy te traigo - el combo del rey lyrics
- for the family - fabolous lyrics
- ahora me tiene a mi - grupo trinidad lyrics
- dumb life - nef the pharaoh lyrics
- flowers - chris farren lyrics
- baller - kay one feat. manuellsen feat. manuellsen lyrics
- all or nothing - chrome sparks lyrics
- goosebumps - travis scott lyrics