lirikcinta.com
a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9 #

lirik lagu ကြယ်တွေစုံတဲ့ည(starry night) – htoo eain thin

Loading...

ကြယ်တွေစုံတဲ့ည ကိုယ့်အိပ်မက်လေးရယ်

ကြယ်တွေဆုံတဲ့ည ဘ၀မျှော်လင့်ခြင်းရယ် …
ရင်ခုန်သံနဲ့ထုဆစ်ထားတဲ့သီချင်းတွေလည်း…
ရင်တွေကွဲသွားအောင် ဆိုနေဦးမယ် …

ကြယ်တွေစုံတဲ့ည အဝေးအိမ်ကိုလွမ်းတယ်

ကြယ်တွေစုံတဲ့ည ခရီးမိုင်တွေခြားဆဲ …
ဒဏ်ရာတွေနဲ့ရေးခြစ်ထားတဲ့နေ့တွေလည်း …
ကျော်လွန်သွားခဲ့ရင် ပြန်ဆုံဦးမယ် …

နာကျင်စွာတစ်ယောက်တည်း …
တစ်ရေးနိုးတဲ့ညတို့မှောင်နေဆဲ …
အိမ်ပြန်ချင်ပေမယ့် …
မပြီးဆုံးတမ်းအိပ်မက်ရှည်တွေနဲ့ …
အိုး … အမြဲတမ်းသတိရနေတယ်
ရှင်းပြလို့ပေးပါကွယ်
ကြယ်ပွင့်လေးရယ်ငါ့..ရဲ့..အကြောင်းတွေ …

ကြယ်တွေဆုံတဲ့ည ထပ်ကြုံရဦးမယ် …

ကြယ်တွေတစ်ကယ်ဆုံတဲ့ည ..
လှနေမှာပေါ့ကွယ် …
နေညိုညိုလုံးလေးထက်နေ့စဉ်စောင့်နေတယ်
မျှော်လင့်ခြင်းများရယ် ..
အိမ်ပြန်ချိန်များရယ် …
နာကျင်စွာတစ်ယောက်တည်း …
တစ်ရေးနိုးတဲ့ညတို့မှောင်နေဆဲ …
အိမ်ပြန်ချင်ပေမယ့် …
မပြီးဆုံးတမ်းအိပ်မက်ရှည်တွေနဲ့ …
အိုး … အမြဲတမ်းသတိရနေတယ်
ရှင်းပြလို့ပေးပါကွယ်
ကြယ်ပွင့်လေးရယ်ငါ့..ရဲ့..အကြောင်း..တွေ..

ကြယ်တွေဆုံတဲ့ည ထပ်ကြုံရဦးမယ် …

ကြယ်တွေတစ်ကယ်ဆုံတဲ့ည
လှနေမှာပေါ့ကွယ် …
နေညိုညိုလုံးလေးထက်နေ့စဉ်စောင့်နေမယ်
မျှော်လင့်ခြင်းများရယ် …
အိမ်ပြန်ချိန်လေး …
နေညိုညိုလုံးလေးထက်နေ့စဉ်စောင့်နေမယ် ..
မျှော်လင့်ခြင်းများရယ် …
အိမ် ပြန် ချိန် များ ရယ် …

lirik lagu lainnya :

YANG LAGI NGE-TRENDS...

Loading...