lirikcinta.com
a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9 #

lirik lagu a kyin nar nya – j-fire

Loading...

[verse1]
မင်းဘေးနား တစ်သက်စာ နေတော့မလို့
(ထာဝရ)
နှစ်ယောက်ထဲဘဝကို တည်ဆောက်မလို့
အိပ်မက်သစ်အတွက် ငါအိပ်ဖို့အသင့်ပါ
ဒို့ညတွေ အတူတူ စိုက်ပျိုးစို့ . . .

[verse2]
မိုးသားထဲအလွမ်းတွေလွင့်ပြေးဖို့
(ဒီဘဝ)
မင်းနှုတ်ခမ်းက အနမ်းနဲ့ကုပေးဦး
ရှေ့ဆက်အသက်ထက် မင်းလက်တွဲကာ
ဘဝတိုက်ပွဲအတူဝင်ကြစို့ . . .

[chorus]
မင်းမျက်လုံးလေးတွေ မှိတ်ပြီး အိပ်စက်တော့လေ
ဘဝအသစ်အတွက်မှတ်တိုင်ထူဖို့ကွယ်ဒီည
အချစ်စစ်တို့လမ်းလေး
ထာဝစဉ်မကြမ်းတမ်းဖို့ရယ်
အတူတူ ကြိုးစားလိုက်စို့ကွယ် . . . . ဒီည
အတူတူကြိုးစားလိုက်စို့ကွယ်
[rap]
အမှောင်ကိုကြိုက်တာလား
မင်းကအလင်းကိုကြောက်တာလား
ဘာပဲကာစီးကာစီးနင်းဖြိုပလိုက်မှာငါ
ရှေ့ဆက်ရမယ့်ခရီးမှာလည်းမင်းအလိုလိုက်မာပါ
ရွှေလည်တိုင်ကိုသောက်သုံးရင်းနဲ့အတင်းကိုရှိုက်တာများတော့
အရာထင်တာကြီးပဲ ဒါ မာကင်ရာငြိတွယ်
မကြောက်နဲ့ဒီလိုယောကျားကောင်းတွေရာဇဝင်မှာရှိတယ်
အောက်နှုတ်ခမ်းကိုကိုက်ထားပြီးတော့နာကျဉ်တာသိလည်း
မင်းရဲ့ဆန္ဒပြီးမြောက်စေချင်လို့ကို
ငါ ကြင်နာမိတယ်
ပန်းချိုးတာမဟုတ်ဘူး ကိုယ်ကပန်းပျိုးနေတာ
ခန္ဓာကိုယ်ရဲ့နေရာအနှံ့မှာ အနမ်းမိုးဒွေရွာ
ကြက်သီးလေးတွေထတာ ချမ်းလို့လေလား
အခုလို အရမ်းဆိုးနေတာ ကိုယ်ကလွမ်းလို့လေကွာ…….

[verse4]
အဆိပ်သင့်တဲ့တံခါးတွေရိုက်ချိုးလို့
(တချိန်က)
ရခဲ့တဲ့ဒဏ်ရာကုစားဖို့ …
မင်းအကြည့်နဲ့ထွန်းညှိ
လောကသစ်တေးသီချင်းတွေ
ငြိမ်းချမ်းမှုအတွက်အတူတူဆိုညည်းစို့….

[verse5]
မိုးသားထဲအလွမ်းတွေလွင့်ပြေးဖို့
(ဒီဘဝ)
မင်းနှုတ်ခမ်းက အနမ်းနဲ့ကုပေးဦး
ရှေ့ဆက်အသက်ထက် မင်းလက်တွဲကာ
ဘဝတိုက်ပွဲအတူဝင်ကြစို့ . . .
[chorus]
မင်းမျက်လုံးလေးတွေ မှိတ်ပြီး အိပ်စက်တော့လေ
ဘဝအသစ်အတွက်မှတ်တိုင်ထူဖို့ကွယ်ဒီည
အချစ်စစ်တို့လမ်းလေး ထာဝစဉ်မကြမ်းတမ်းဖို့ရယ်
အတူတူ ကြိုးစားလိုက်စို့ကွယ် . . . . ဒီည
အတူတူကြိုးစားလိုက်စို့ကွယ်

lirik lagu lainnya :

YANG LAGI NGE-TRENDS...

Loading...