lirikcinta.com
a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9 #

lirik lagu na mate – soe lwin lwin

Loading...

အချစ်နဲ့ကျွန်တော်
မေတ္တာမျှနေတုန်းပေါ့
လွယ်အိတ်နီကလေးသူဝယ်ပေးဖူးတယ်
လွယ်အိတ်ကလေးကိုထွေးပွေ့ကာ
ရင်မှာစိတ်ကြည်နူးလိုက်တာ
ကြင်နာရဆုံးမင်းကလေးရဲ့စေတနာ
အချစ်နဲ့ကျွန်တော်
စိတ်ကောက်နေကြတုန်းပေါ့
နှင်းပန်းပွင့်လေးကျွန်တော်ပေးဖူးတယ်
စိတ်ကောက်ပြေကာသူ့မျက်နှာ
ပြုံးလို့ရယ်ကာချစ်လိုက်တာ
ခင်တွယ်ရဆုံးမင်းကလေးမျက်နှာကဗျာ
မခွဲဘူးအချစ်ရေ
ဪမခွဲဘူးအသက်ရေ
စိန္တေမြတ်ဘုရားဆုပန်ချွေလို့သာ
အလွမ်းပန်းပွင့်တွေ
ဪပေးဆပ်ရင်းသာ
အဆင်ပြေကြဆုံးတို့နှစ်ယောက်ချစ်ကမ္ဘာမှာ
ချိန်းတဲ့နေ့မှာ
ချစ်တဲ့သူဆီသွားဖို့
လွယ်အိတ်နီကလေးပြတ်သောကြိုးနဲ့သာ
ရင်မှာစိုးရိမ်ကဲလို့သာ
ချစ်တဲ့သူဆီလှမ်းခဲ့ရာ
ကြင်နာရဆုံးမင်းကလေးရောက်မလာပါ
ရင်ခွင်ထဲမှာငို
ပန်းတွေရှိနေတုန်းပေါ့
မြေပြင်ထက်ကိုလွှတ်ချမိပြီကွာ
မြေပြင်ထက်မှာပန်းမွေ့ယာ
နှင်းပန်းပွင့်တွေကြဲပြန့်ကာ
မယုံနိုင်ရဆုံးမင်းပေးတဲ့ဝေဒနာ
နှလုံးသားထဲမှာ
မင်းကလေးတယောက်သာ
နေရာယူခွင့်ရှိနေတဲ့အခိုက်မှာ
အဝေးဆုံးတဖက်ကို
ပြေးထွက်လို့ကွာ
ပြန်မဆုံနိုင်တော့တို့နှစ်ယောက်တယောက်တနေရာ
ပြန်မဆုံနိုင်တော့တို့နှစ်ယောက်တယောက်တနေရာ
ပြန်မဆုံနိုင်တော့တို့နှစ်ယောက်တယောက်တနေရာ

lirik lagu lainnya :

YANG LAGI NGE-TRENDS...

Loading...